ကျောက်ဆည် မေ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်းပဲမျိုးစုံဖူလုံပိုလျှံရေး နွေသီးနှံများတိုးချဲ့စိုက်ပျိုးလျက်ရှိရာ တမုတ်စိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းတွင် နွေနှမ်း (၂၅၂၀) ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
တမုတ်စိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းတွင် ကျေးရွာအုပ်စုပေါင်း(၁၈)အုပ်စုရှိပြီး နွေနှမ်းသီးနှံများကို လက်ပံပင်ကျေးရွာအုပ်စုတွင်(၅)ဧက၊ မယ်ဇယ်ပင်ကျေးရွာအုပ်စုတွင်(၇၁)ဧက၊ ပွတ္တိုင်ကျေးရွာ အုပ်စုတွင် (၅၂၄)ဧက၊ မြောင်းဦးကျေးရွာအုပ်စုတွင်(၅၀)ဧက၊ ကတဲကျေးရွာအုပ်စုတွင် (၁၄၄)ဧက၊ ၊ဇရပ်ဖြူကျေးရွာ အုပ်စုတွင်(၇၀)ဧက၊ သင်ပုတ်ကျေးရွာအုပ်စုတွင်(၂၈၄)ဧက၊ ညောင်ရွေကျေးရွာအုပ်စုတွင်(၁၃၂)ဧက၊ ရွာနန်းကျေးရွာအုပ်စုတွင်(၁၄၃)ဧက၊ ငါးအိုးကျေးရွာအုပ်စုတွင်(၂၉၅)ဧက၊ ညောင်ဝန်းကျေးရွာ အုပ်စုတွင်(၄၁၅)ဧက၊ ကြောင်ပန်းကုန်းကျေးရွာအုပ်စုတွင်(၃၈၇)ဧက စုစုပေါင်း (၂၅၂၀)ဧက စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် နွေနှမ်းသီးနှံများကို စိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်း (၆)ခုတွင် (၂၉၀၀၀)ဧကလျာထားစိုက်ပျိုးလျက်ရှိပြီးနွေနှမ်းသီးနှံများအောင်မြင် ဖြစ်ထွန်းစေရေး မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရေပေးမြောင်းများအလိုက် စိုက်ပျိုးရေများ လုံလောက်စွာ အလှည့်ကျစနစ်ဖြင့် စိုက်ပျိုးရေများပေးဝေလျက်ရှိကြောင်း သိရသည်။
စုစုအေး(ကျောက်ဆည်)