ပျော်ဘွယ် မေ ၁၄
ပျော်ဘွယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း တာဝန်များပေးအပ်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။
ရှေဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာစိုးက မိမိတို့အနေဖြင့်လာမည့်ဘဏ္ဍာနှစ်၌ ပြီးခဲ့သည့်ဘဏ္ဍာနှစ်မှ အားနည်းချက်၊ အားသာချက်များကို ပြုပြင်ထိန်းသိမ်းသွားရန်လိုအပ် ပါကြောင်း၊ လူမှုစီးပွားဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် စိုက်ပျိုးရေး၊ မွေးမြူရေး စသည့်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရန်လိုအပ်ပါကြောင်းတို့ကို ရှင်းလင်းဆွေးနွေးပြီး မြို့နယ်စီမံကိန်းဦးစီးမှူး ဦးထွန်းထွန်းမင်းက စီမံကိန်းတာဝန်များပေးအပ်ရသည့်အကြောင်းအရင်းကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းနှင့်ပတ်သက်သည့် တာဝန်များကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက သက်ဆိုင်ရာဌာနများအား လုပ်ငန်းတာဝန်များပေးအပ်ခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)