မြစ်သားမြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော‌ရောဂါ (OraVacs) ကာကွယ်ဆေးကို ဌာနဆိုင်ရာဝန်ထမ်းများအား ဒုတိယအကြိမ်ဆက်လက်တိုက်ကျွေး

မြစ်သား မေ ၁၃                 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများအားဒုတိယအကြိမ် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ဟန့်တားကာကွယ်ဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဘုန်းမြတ်ကိုနှင့် ကျန်းမာရေးဝန်ထမ်းများကဦးဆောင်ကာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော‌ရောဂါ(OraVacs) ကာကွယ်ဆေးကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ယ‌နေ့နံနက်(၉)နာရီအချိန်က တိုက်ကျွေးခဲ့ကြောင်းသိရသည်။

ထို့နောက် ကာကွယ်ဆေးတိုက်ကျွေးနေမှုကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်း‌အောင်နှင့်တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဘုန်းမြတ်ကိုနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့‌ကြောင်းသိရသည်။ ဆက်လက်၍ ကျန်းမာရေးဝန်ထမ်းများက မြို့ပေါ်ရှိဌာနဆိုင်ရာ ဝန်ထမ်း (၃၀၀) ဦးကို ဒုတိယအကြိမ်ပြင်းထန် ဝမ်းပျက်ဝမ်းလျှော‌ရောဂါ (OraVacs) ကာကွယ်ဆေးတိုက်ကျွေးပေးခဲ့ကြောင်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးထံမှသိရသည်။

ဝါဝါမြင့် (မြစ်သား)