နိုင်ငံတော်သံဃနာယကအဖွဲ့အကျိုးတော်ဆောင် မစိုးရိမ်တိုက်သစ် မဟာနာယက ဆရာတော်ကြီးအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် သွားရောက်ဖူးမြော်

ချမ်းအေးသာစံ မေ ၁၃

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည်  တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး မေလ(၁၂) ရက်နေ့နံနက်ပိုင်းက  မစိုးရိမ်တိုက်သစ်သို့ သွားရောက်ပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ မန္တလေးမြို့ မစိုးရိမ်တိုက်သစ် မဟာနာယကဓမ္မသမိဒ္ဓိကျောင်းဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဌာဘိဝံသအား ဖူးမြော်၍ မန္တလေးငလျင်ကြီးကြောင့် ကျောင်းတိုက်ရှိအဆောက်အဦများ ထိခိုက်ပြိုကျပျက်စီးခဲ့မှုများရှိခဲ့ပြီး နာယကဆရာတော်များသီတင်း သုံးရာတွင် အခက်အခဲမရှိစေရေး  ယာယီသီတင်းသုံးနိုင်ရန် နိုင်ငံတော်က လှူဒါန်းသည့်ယာယီအဆောက်အဦ ၄လုံး နှစ်စုံအား ၃၈လမ်းနှင့် ၈၇လမ်း ထောင့်ရှိသံဃိတမြေနေရာ၌ ဆောင်ရွက်ပေးမည့်အစီအစဉ်များနှင့် စပ်လျဉ်း၍ သာသနာရေးဆိုင်ရာများလျှောက်ထားပြီး ဩဝါဒများခံယူခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်