မြစ်သားမြို့နယ်အတွင်းရှိ  Grade-12 တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများကို Day Camp စခန်းသွင်း၍ ဆက်လက်လေ့ကျင့်သင်ကြား

မြစ်သား   မေ   ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မန္တလေးငလျင်ကြီးကြောင့် Grade-12 တက္ကသိုလ် ဝင်စာမေးပွဲအဖြေလွှာများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသဖြင့် ၂၀၂၅ခုနှစ် ဇွန်လ ၁၆ ရက်နေ့မှ ၂၁ ရက်နေ့အထိ ပြန်လည်ဖြေဆိုမည်ဖြစ်ရာ မြစ်သားမြို့နယ်အတွင်းရှိ  အခြေခံပညာအထက်တန်းကျောင်းများနှင့် ကိုင်ပိုင်အထက်တန်း ကျောင်းများတွင်ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူများကို Day Camp စခန်းသွင်း၍ ယမန်နေ့နံနက် ပိုင်းအချိန်က ဆက်လက်သင်ကြားပို့ချခဲ့ကြောင်းသိရသည်။

မြစ်သားမြို့နယ်တွင် Grade 12 တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့်ကျောင်းသား/ကျောင်းသူများကို Day Camp စခန်းသွင်းလေ့ကျင့်သင်ကြားပေးနေသော  အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း၊ ကူမဲမြို့အခြေခံပညာအထက်တန်းကျောင်း၊ ရွာခိုင်ကြီးအ‌ခြေခံပညာအထက်တန်းကျောင်း၊ ဒရယ်‌ကောင်းအ‌ခြေခံပညာ အထက်တန်းကျောင်း၊ သာလွန်အ‌ခြေခံပညာအထက်တန်းကျောင်း၊ နွားလျှာရိုးအခြေခံပညာအထက်တန်းကျောင်းခွဲ၊ သံတော်ဦးကိုယ်ပိုင်အထက်တန်းကျောင်း၊ ကူမဲမြို့ဥာဏ်မီးအိမ်ကိုယ်ပိုင်အထက်တန်းကျောင်းနှင့်‌  ခေတ်ကျော်ကိုယ်ပိုင် အထက်တန်းကျောင်းများတွင် ၂၀၂၅ခုနှစ် ဇွန်လ ၁၆ ရက်နေ့မှ ၂၁ ရက်နေ့အထိ Grade 12 တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုမည့်ကျောင်းသား/ကျောင်းသူများကို စိတ်အေးချမ်းစွာဖြေဆိုနိုင်ရန်နှင့် အောင်ချက်မြင့်မားရန်အတွက် Day Camp  စခန်းသွင်း၍ မြို့နယ်အတွင်းရှိဆရာ /ဆရာမများက ဆက်လက်သင်ကြား ပို့ချ‌ပေးခဲ့‌ကြောင်း သိရသည်။

ဝါဝါမြင့် (မြစ်သား)