ကျောက်ဆည်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းသား/ ကျောင်းသူများအတွက် ကျောင်းသုံးဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့် အဖြူအစိမ်းဝတ်စုံများ ထုတ်ပေး
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးငယ်အားလုံး ပညာသင်ကြားခွင့်ရရှိနိုင်ရန် ကျောင်းသုံးဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံ၊ အဖြူအစိမ်းဝတ်စုံများအား အခမဲ့ထောက်ပံ့ပေးနိုင်ရေး ယနေ့နံက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံးတွင် စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။