မန္တလေးငလျင်ကြောင့် ပျက်စီးသွားသည့် အိမ်ထောင်စုဇယား၊ နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID ကတ်များအခမဲ့  ကွင်းဆင်းဆောင်ရွက်

အမရပူရ မေ ၁၄

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ဦးစီးမှူးရုံးမှ ငလျင်ဒဏ်သင့်ပြည်သူများ၏ ပျောက်ဆုံး၊ ပျက်စီးသွားသော အိမ်ထောင်စုဇယားများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ၊ နံပါတ်ဆယ်လုံးပါ UID ကတ်များကိုအခမဲ့ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို အမရပူရမြို့နယ်၊ ဘုံးအိုးကျေးရွာ၊အပ်ချုပ်ရပ်ကွက်ရှိ ဘောလုံးကွင်း ငလျင်ရှောင်ယာယီစခန်းတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။  အဆိုပါမန္တလေးငလျင်ဒဏ်ကြောင့်ပျက်စီး၊ပျောက်ဆုံးသွားသည့် အိမ်ထောင်စုဇယား ၃၅ ခု၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ၆၅ နှင့် နံပါတ်ဆယ်လုံးပါ UID ကတ် ၇၀  ခုတို့ကို တိုက်နယ်မှူးဒုတိယလဝကမှူး ဦးချမ်းအေးမိုး ဦးဆောင်သောအဖွဲ့မှအခမဲ့ ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း မြို့နယ်လဝကဦးစီးမှူးဦးတင်ကိုကိုဝင်းထံမှ သိရသည်။

စိုးသီဟ (အမရ)