ကျောက်ဆည် မေ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးငယ်အားလုံး ပညာသင်ကြားခွင့်ရရှိနိုင်ရန် ကျောင်းသုံးဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံ၊ အဖြူအစိမ်းဝတ်စုံများအား အခမဲ့ထောက်ပံ့ပေးနိုင်ရေး ယနေ့နံက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံးတွင် စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် အခြေခံပညာကျောင်း (၁၈၆) ကျောင်းနှင့် ဘုန်တော်ကြီးသင်ပညာရေး ကျောင်း (၁၈) ကျောင်းရှိပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းသုံးဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံ၊ အဖြူအစိမ်းဝတ်စုံများ ထုတ်ပေးရာတွင် ကျောက်ဆည်မြို့နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူများက သက်ဆိုင်ရာ အခြေခံ ပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများအား ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် KG တန်းမှ Grade-5 အတန်းထိ ပညာသင်ယူသွားမည့် ကျောင်းသား၊ ကျောင်းသူအရေအတွက်နှင့်အညီ (၁) ဦးလျှင် ဗလာ စာအုပ်၊ ခဲတံ၊ ဘောပင်နှင့် အဖြူအစိမ်းဝတ်စုံတို့ကို အခမဲ့ထုတ်ပေးသွားမည်ဖြစ်ပြီး KG-6 တန်းမှ Grade-12 တန်း ကျောင်းသား/ ကျောင်းသူများအား ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်တို့ကိုစနစ်တကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အောင်ပိုင်ပိုင်ကျော်