မြစ်သားမြို့နယ်တွင် ‌ဒေသခံပြည်သူများကို စားအုန်းဆီတစ်ပိဿာ (၇၈၂၅) ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချပေး

မြစ်သား မတ် ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာနိုင်ငံဆီကုန်သည် ဆီလုပ်ငန်းရှင်များအသင်းနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ဒေသခံပြည်သူများအား စားအုန်းဆီတစ်ပိဿာလျှင် (၇၈၂၅) ကျပ်နှုန်းဖြင့်‌ ဈေးးနှုန်းချိုသာစွာရောင်းချပေးခြင်းကို ရှမ်းပွဲရပ်ကွက်အတွင်းရှိ ဒေါ်ဇာဇာကုန်စုံဆိုင်‌ရှေ့တွင် ယနေ့နံနက် (၉) နာရီအချိန်က ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချပေးရာတွင် ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ မြစ်သားမြို့ ရှမ်းပွဲရပ်ကွက်ရှိ ဒေါ်ဇာဇာကုန်စုံဆိုင်ရှေ့တွင် ဒေသခံပြည်သူများအား ဆီတစ်ပိဿာ (၇၈၂၅) ကျပ်နှုန်းဖြင့် တစ်ဦးလျှင်နှစ်ပိဿာဖြင့်တစ်ရက် ဆီပိဿာပေါင်း (၂၈၈) ပိဿာအား စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနေကြောင်း စားသုံးသူရေးရာဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဝါဝါမြင့် (မြစ်သား)