အမရပူရ မေ ၁၄
အမရပူရမြို့နယ်၊ တမုတ်ဆိုးကျေးရွာအုပ်စု၊ ဂျိုကျေးရွာ၊ ရွာဦးဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ အမရပူရမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု လူသုံးကုန်ပစ္စည်း ပြုလုပ်နည်း(ဆပ်ပြာ) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပခဲ့သည်။
ယင်းလူသုံးကုန်ပစ္စည်းပြုလုပ်နည်း(ဆပ်ပြာ)သင်တန်းသို့အမရပူရခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမြင့်၊ မြို့နယ်ဦးစီးမှူး ဒေါ်ပပအေးနှင့် ဝန်ထမ်းများ၊ သင်တန်းသား၊ ကျောင်းသူ ၂၀ဦးတို့ တက်ရောက်ခဲ့သည်။
အဆိုပါအခြေခံ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု လူသုံးကုန်ပစ္စည်း ပြုလုပ်နည်း (ဆပ်ပြာ) သင်တန်းကို အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန မှ နည်းပြဆရာမနှစ်ဦးတို့က (၁၃.၅.၂၀၂၅)ရက်နေ့မှ (၁၇.၅.၂၀၂၅)ရက်နေ့အထိ (၅) ရက်ကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုးသီဟ(အမရ)