မန္တလေးငလျင်ကြီးကြောင့် ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် အလှူငွေများလှူဒါန်း

ချမ်းအေးသာစံ မေ ၁

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံပြည်တွင်း မန္တလေးမြို့ အနီးကိုဗဟိုပြုလှုပ်ခတ်ခဲ့သော အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် ပြည်တွင်း၊ ပြည်ပ စေတနာရှင်ပြည်သူများမှ အလှူငွေများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ လှူဒါန်းလျက်ရှိသည်။

ထိုသို့လှူဒါန်းမှုအနေဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်ဘေးဒဏ်သင့်ေရာများ၌ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ငလျင်ဘေးသင့်ပြည်သူများအား ထောက်ပံ့လှူဒါန်းရန်အတွက် အလှူရှင်မန္တလေးမြို့ နေဦးတင်မိုး+ဒေါ်မြနှင်းဝေ(စူပါစိမ်း နှင့် ရွှေပြည့်လျှံ ကျောက်မျက်ကုမ္ပဏီ မိသားစု)မှ အလှူငွေ ကျပ်(၅၀၀)သိန်းအား စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် မေလ(၁၃) ရက်နေ့ညနေပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ လာရောက်လှူဒါန်းရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများကလက်ခံ၍ ကျေးဇူးတင်စကားပြောကြားခဲ့ ပြီးဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်