မန္တလေးတိုင်းဒေသကြီး

ချမ်းအေးသာစံမြို့နယ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် (ကျောင်းတွင်းစစ်)စာမေးပွဲ ဖြေဆိုထားသည့် KG မှ Grade- 11 ထိ အောင်စာရင်းများ ထုတ်ပြန်ကြေငြာ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာအဆင့် (ကျောင်းတွင်းစစ်) စာမေးပွဲဖြေဆိုထားသည့် KG မှ Grade-11 ထိ ကျောင်းသားများ၏ အောင်စာရင်းများကို ယနေ့နံနက်ပိုင်းတွင် ထုတ်ပြန်ကြေငြာခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေးတိုက်ကျွေး

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်‌မြေမြို့နယ်အတွင်း မတ်လ ၂၈ ရက်နေ့ကလှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် တက္ကသိုလ်ဝင် စာမေးပွဲအဖြေလွှာများ မီးလောင်ပျက်စီးခဲ့ရသဖြင့် တက္ကသ်ိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ဖြေဆိုရမည့် ငလျင်ဒဏ်သင့် ကျောင်းသား၊ ကျောင်းသူများအတွက် အောင်ချက်မြင့်မားရေးနှင့် သင်ယူမှုများ ပိုမိုထိရောက်စေ ရန်အတွက် မဟာအောင်မြေမြို့နယ်တွင် အ.ထ.က(၁၃)ကျောင်းဝန်းအတွင်း၌ ဧပြီလ (၂၈)ရက်နေ့မှစ၍ Camp(စခန်းသွင်း) ဖွင့်လှစ် သင်ကြား‌ပေးလျက်ရှိပြီး ကျောင်းသား၊ သူများ ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်နိုင်စေရန် မေလ( ၁၂) ရက်နေ့မှစတင်၍ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုများ အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်၌ ငလျင်‌ဘေးသင့်ပြည်သူများအား စားသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့နံနက် ၁၁:၄၀နာရီအချိန်က ငလျင်ဘေးသင့်ပြည်သူများအား စားသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် အခမ်းအနားမှူးသင်တန်း ဖွင့်လှစ်

မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် အခမ်းအနားမှူး သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်တွင် မန္တလေးငလျင်ကြီးကြောင့် ကွယ်လွန်သွားသူများအတွက် ၎င်းတို့၏ မိသားစုဝင်များအား ထောက်ပံ့ပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်တွင် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ကွယ်လွန်သွားသူများအတွက် ၎င်းတို့၏ မိသားစုဝင်များအား ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေမွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 မြစ်သားမြို့နယ်  မင်းကုန်းဘုန်းတော်ကြီးကျောင်းရှိ ဆရာတော်၊ သံဃာတော်များကို ပြင်းထန်ဝမ်းပျက်ဝမ်းလျှော‌ရောဂါ (OraVacs) ကာကွယ်ဆေးတိုက်ကျွေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ၊မြစ်သားမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ဟန့်တားကာကွယ် ဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဘုန်းမြတ်ကိုနှင့် ကျန်းမာရေးဝန်ထမ်းများကဦးဆောင်ကာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော‌ရောဂါ ( OraVacs ) ကာကွယ်ဆေးကို မင်းကုန်း ဘုန်းတော်ကြီးကျောင်းရှိ ဆရာတော်၊ သံဃာတော်များအား ယ‌မန်‌နေ့က တိုက်ကျွေးခဲ့ကြောင်းသိရသည်။

ချမ်းမြသာစည်မြို့နယ်အတွင်း ငလျင်ဘေးသင့် ပြည်သူများသို့ ထောက်ပံ့ငွေများ ပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ် အရှေ့ဘက်ခြမ်း၏ ရပ်ကွက်ကြီး (၅) ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ယနေ့နံနက်ပိုင်းမှစတင်၍ ငလျင်ဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ကြရာ အောင်ပင်လယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင်လည်း ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများအား ဆုံဆို့၊   မေးခိုင်ကာကွယ်ဆေး (DT) ထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် အသက် (၅) နှစ်ပြည့်ပြီးသူတိုင်း ဆုံဆို့၊ မေးခိုင်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဘုန်းမြတ်ကိုနှင့် ကျန်းမာရေးဝန်ထမ်းများက ဦးဆောင်ကာ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကျန်းမာရေးဝန်ထမ်းများက ဌာနဆိုင်ရာဝန်ထမ်းများအား ယနေ့နံနက် (၉) နာရီအချိန်က ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အာနန္ဒာဘုရားကြီး၏ ကွမ်းထောင်တော်၊ အထွဋ်စေတီ၊ မုခ်ကပ်ဆင်းတုတော်များနှင့်နတ် ရုပ်ကြီးများအား ရွှေမိုက်ထုတ်လုပ်ငန်းလေလံပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းရှိ ကျန်စစ်သားမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့်  အနန္ဒာဘုရားကြီး၏ ကွမ်းထောင်တော်၊ အထွဋ်စေတီ၊ မုခ်ကပ်ဆင်းတု တော်များနှင့် နတ်ရုပ်ကြီးများအား ရွှေမိုက်ထုတ်လုပ်ငန်းလေလံပွဲ ကျင်းပခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အာနန္ဒာဘုရားကြီး ဘဏ္ဍာတော်ထိန်းဂေါပကရုံးခန်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဝန်းကျင်လေထုအရည်အသွေး တိုင်းတာခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း သမိုင်း အထင်ကရဘုရားကြီး(၁၁)ဆူအနီးတွင် ဝန်းကျင်လေထုအရည်အသွေးတိုင်းတာခြင်းအား ယမန်နေ့နံနက် ၈ နာရီအချိန်မှစတင်၍ ဝန်းကျင်လေထုတိုင်းတာခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး