Grade- 12 ပြန်လည်ဖြေဆိုမည့်ကျောင်းသား/သူများအား ကျန်းမာရေးအသိပညာပေးဟောပြော ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေးတိုက်ကျွေး

အောင်မြေသာစံ မေ ၁၄

မန္တလေး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ Grade-12 ပြန်လည်ဖြေဆိုမည့် ကျောင်းသား/သူများအား စခန်းသွင်းလေ့ကျင့်လျက်ရှိရာ ကျောင်းသား/သူများအား ကူးစက်ရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်မှုအနေဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး (ပထမအကြိမ်) တိုက်ကျွေးခြင်းစသည့် ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများက်ု မေလ ၁၂ ရက်နှင့် ၁၃ ရက်နေ့တို့က ဆောင်ရွက်ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှု၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ကြီးကြပ်မှုတို့ဖြင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဧရာထက် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများသည် မေလ ၁၂ ရက်နေ့တွင် Grade-12 ကျောင်းသား  ၁၄၄ ဦး၊ ကျောင်းသူ ၁၆၃ ဦးကိုလည်းကောင်း၊မေလ ၁၃ ရက်နေ့တွင် ကျောင်းသား ၅၀ ဦး ကျောင်းသူ ၈၈ ဦးကိုလည်းကောင်းစုစုပေါင်း ကျောင်းသား ကျောင်းသူ ၄၄၅ ဦးတို့အား ကူးစက်ရောဂါများ ကြိုတင်ကာကွယ်ရေးအကြောင်းသိကောင်းစရာများကို အသိပညာ ပေးဟောပြောပြီး ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး (ပထမအကြိမ်) တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)