မန္တလေးတိုင်းဒေသကြီး

ပျော်ဘွယ်မြို့နယ်တွင် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကွင်းဆင်းဆေးကုသခြင်း ဆောင်ရွက်

တိုင်းရင်းဆေးပညာဦးစီးဌာန၊ ပျော်ဘွယ်မြို့နယ် (၁၆) ကုတင်ဆံ့တိုင်းရင်းဆေးရုံမှ ကျေးလက်နေပြည်သူများ ကျန်းမာရေးဗဟုသုတရရှိစေရန် ဟောပြောခြင်းနှင့် ကွင်းဆင်းဆေးကုသခြင်းကို မေလ (၁၆) ရက်၊ နံနက် (၉) နာရီခွဲက ဂွေးဇီးကျေးရွာအုပ်စု၊ မယ်ဇလီအိုင့်ကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။

ကျောက်ပန်းတောင်းမြို့ ကုန်းတော်ကြီးမင်္ဂလာစေတီဘုရားကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ရေး ညှိနှိုင်းဆွေးနွေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အောင်မင်္ဂလာရပ်ကွက်ရှိ ရှေးဟောင်းသမိုင်းဝင်ကုန်းတော်ကြီး မင်္ဂလာစေတီဘုရား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို၊ မေလ (၁၅) ရက်နေ့ ညနေ (၅) နာရီက မင်္ဂလာစေတီဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ် မယ်ဇလီအိုင့်ကျေးရွာ၌ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေးဟောပြော

ပျော်ဘွယ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ဗဟုသုတရရှိစေရန်အတွက် မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက်(၈)နာရီက မယ်ဇလီအိုင့်ကျေးရွာ ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။

ကျောက်ဆည်မြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာ စိုက်ထူပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကောင်းမြတ်နိုင်နှင့်တာဝန်ရှိသူများသည့် ယနေ့နံနက်(၉)နာရီက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးထားသောနွေစပါးနှင့်နွေနှမ်းများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးထားကြသည့် နွေစပါးနှင့်နွေနှမ်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်၊ ဂရိတ်ဝေါလ်ဟိုတယ်အဆောက်အဦမှ ဆယ်တင်ရရှိသော ငွေကြေးနှင့် ပစ္စည်းများအား လွှဲပြောင်းပေးအပ်         

မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် မဟာအောင်မြေမြို့နယ်ရှိ ဂရိတ်ဝေါလ်ဟိုတယ်အဆောက်အဦ ပြိုကျပျက်စီးခဲ့ပြီး  ဆယ်တင်ရရှိလာသော ငွေကြေး၊ ပစ္စည်းနှင့် စာရွက်စာတမ်းများအား သက်ဆိုင်သည့်ပုဂ္ဂိုလ်များထံ လွှဲပြောင်းပေးအပ်ပွဲကို မေ ၁၅ ရက် ယမန်နေ့ နေ့လယ် ၂ နာရီက မဟာအောင်မြေမြို့နယ် အမှတ်(၉) မြို့မရဲစခန်း၌ ကျင်းပခဲ့သည်။

စဉ့်ကိုင်မြို့နယ်အတွင်း၌ (ဒုတိယအကြိမ်မြောက်) ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါ (Ora Vacs) ကာကွယ်ဆေးများ တိုက်ကျွေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများသည် မေလ ၁၅ ရက်နေ့နံနက် (၉)နာရီအချိန်က မြို့နယ်မိခင်က‌လေး ကျန်းမာရေးဌာန၌  စဉ့်ကိုင်မြို့‌ပေါ် (၅)ရပ်ကွက်အတွင်းရှိ  အသက် (၂)နှစ်မှ  (၆)နှစ်ထိ  ကလေးငယ်များအား  ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ (Ora Vacs)ကြိုတင်ကာကွယ်နိုင်ရေး (ဒုတိယအကြိမ်မြောက်) ကာကွယ်ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများ‌လုပ်‌ဆောင်ခဲ့ကြသည်။

တံတားဦးမြို့နယ်အတွင်းရှိ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် G-12 နောက်ဆက်တွဲတက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား/သူများ သောက်သုံးရေရရှိရေးနှင့် မီးဘေးကင်းဝေးစေရေးတို့အတွက် ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် G-12 တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား/သူများ သောက်သုံးရေ အပြည့်အဝရရှိရေး၊ မီးဘေးလုံခြုံမှုရေးရှိရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ သက်ဆိုင်ရာကျောင်းများသို့ ယနေ့နံနက် (၁၀) နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့နယ် သားဖွားသင်တန်း‌ကျောင်း(ပြင်ဦးလွင်)တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်  စာဖတ်ရှိန်မြှင့်တင်‌ရေး စာပေဟောပြော‌ပွဲကျင်းပ

လူငယ်ကဏ္ဍကို မြှင့်တင်‌ဆောင်ရွက်စေရန် ရည်ရွယ်၍ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး စာ‌ပေဟော‌ပြောပွဲကို ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က မန္တလေးတိုင်း ဒေသကြီး၊ သားဖွားသင်တန်းကျောင်း(ပြင်ဦးလွင်)တွင် ကျင်းပရာ ရှေးဦးစွာ ပြင်ဦးလွင်မြို့နယ် ကုတင် (၃၀၀) ဆံ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာသင်းသင်းအိက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က စာပေဟောပြောပွဲ ကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

စဉ့်ကိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီး၌ စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းတွင်းစာမေးပွဲအောင်စာရင်းများကို ယမန်နေ့နံနက်(၆)နာရီကစတင်၍ စဉ့်ကိုင်မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးတွင် အောင်စာရင်းများ ထုတ်ပြန်ကြေညာထားရှိကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး