ကျောက်ဆည် မေ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကောင်းမြတ်နိုင်နှင့်တာဝန်ရှိသူများသည့် ယနေ့နံနက်(၉)နာရီက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောက်ဆည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဒေါက်တာဥမ္မာကြည်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးအေးလင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှေ့၌ စိုက်ထူထားသော ကျောင်းအပ်နှံရေးသီတင်းပတ်မြေစိုက်ပိုစတာအား အမွှေးနံ့သာများ ဖျန်းပက်ပေးခဲ့ကြောင်း သိရသည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံရေး သီးတင်ပတ်လှုပ်ရှားမှုအဖြစ် ၂၀၂၅ ခုနှစ် မေ(၂၂)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့အထိ “ကျောင်းနေအရွယ် ကလေးများအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေး လက်ခံခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ပိုင်ပိုင်ကျော်