တံတားဦးမြို့နယ်အတွင်းရှိ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် G-12 နောက်ဆက်တွဲတက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား/သူများ သောက်သုံးရေရရှိရေးနှင့် မီးဘေးကင်းဝေးစေရေးတို့အတွက် ကွင်းဆင်းစစ်ဆေး

တံတားဦး မေ ၁၆

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် G-12 တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား/သူများ သောက်သုံးရေ အပြည့်အဝရရှိရေး၊ မီးဘေးလုံခြုံမှုရေးရှိရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ သက်ဆိုင်ရာကျောင်းများသို့ ယနေ့နံနက် (၁၀) နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် မီးသတ်ဦးစီးဌာနမှဦးစီးအရာရှိ ဦးကျော်သူအောင်နှင်ဝန်ထမ်းများက ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် G-12 တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား/ သူများ သောက်သုံးရေများ အခက်အခဲမရှိစေရေးအတွက် ရေတွင်းကန်များ၊ သွယ်တန်းထားသည် ရေပိုက်များ စနစ်တကျရှိရေး၊ ဒါ့အပြင် မီးဘေးလုံခြုံရေးအတွက် သဲ၊ မီးချိတ်မီးခတ်၊ ရေပုံးများနှင့် လှေခါးများထားရှိရေး၊ မီးသတ်ဆေးဘူးများ စနစ်တကျထားရှိရေး၊ ပေါက်ပြဲနေသော လျှပ်စစ်ဝါယာကြိုးများ အသုံးမပြုရေးတို့ကို သက်ဆိုင်ရာကျောင်းကြီးများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများအား အသိပေးဆောင်ရွက်ခဲ့ပါကြောင်းနှင့် အခက်အခံများရှိပါက မိမိတို့အနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည် ။

ရဲတင့်(ပြန်/ဆက်)