မန္တလေးတိုင်းဒေသကြီး

မိတ္ထီလာမြို့၌ ၂၀၂၅-၂ဝ၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ ဆိုင်းဘုတ်စိုက်ထူပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ ဆိုင်းဘုတ်စိုက်ထူပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းမဘေး အထက(၁) ကျောင်းအနီးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် တက္ကသိုလ်နှင့် ဌာနဆိုင်ရာများမှ အရာထမ်း၊ အမှုထမ်းများအား ဥပဒေအသိပညာ ပြန့်ပွားရေးဆရာဖြစ်သင်တန်းဆင်းပွဲ အခမ်းအနားသို့တက်ရောက်

တက္ကသိုလ်နှင့် ဌာနဆိုင်ရာများမှ အရာထမ်း၊ အမှုထမ်းများအား ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း ဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးမြင့်အောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဌာနဆိုင်ရာများမှ အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီးဥပဒေချုပ်ရုံးမှ သင်တန်းနည်းပြများ တက်ရောက်ကြကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုယိုးဒယားကြိုးဖြင့် လူသုံးကုန် ခြင်းရက်လုပ်နည်းသင်တနန်းဆင်းပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦး စီးဌာနမှ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ယိုးဒယားကြိုးဖြင့် ခြင်းယက်လုပ်နည်းသင်တန်းဆင်းပွဲကို ယမန်နေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၏ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့၌ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ပြည်သူများနှင့်တွေ့ဆုံပြီး ကျောက်သေတ္တာ၏ နောက်ဆုံးအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ စုကြီးရပ်ကွက် မြို့တော်ခန်းမတွင် ယမန်နေ့နံနက်(၁၀)နာရီက ကျောက်ဆည်/ခရိုင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ပြည်သူများတွေ့ဆုံပြီး ကျောက်သေတ္တာ၏ နောက်ဆုံးအခြေအနေများနှင့်ပတ်သတ်၍ ရှင်းလင်းမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပုသိမ်ကြီးမြို့နယ်တွင် ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်စိုက်ထူခြင်း အခမ်းအနား ကျင်းပ

ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ကျောင်းအပ်နှံရေးသတင်းပတ် ဆိုင်းဘုတ်စိုက်ထူခြင်း အခမ်းအနားကို ယနေ့နံနက် ၇နာရီခွဲက  အထက ပုသိမ်ကြီးကျောင်း ဝင်ပေါက်ရှေ့၌ ကျင်းပသည်။

မဟာဂန္ဓာရုံဘုန်းတော်ကြီးကျောင်း၌ သူငယ်ချင်းများဆေးကုသရေးအဖွဲ့မှကွင်းဆင်းကုသ

အမရပူရခရိုင်၊ အမရပူရမြိူ့နယ်၊ ဆင်စွယ်ပွတ်ရပ်ကွက်၊ မဟာဂန္ဓာရုံဘုန်းတော်ကြီးကျောင်းရှိ ငွေကျားတိုက်စာသင်ဆောင်တွင် ယနေ့ နံနက် ၁၀ နာရီခွဲ အချိန်က Dr. ခိုင်မျိုးအောင် ဦးစီးသော သူငယ်ချင်းများ ဆေးကုသရေးအဖွဲ့မှ ကျောင်းဝန်းအတွင်းရှိ သံဃာများနှင့် ပြည်သူများအား ဆေးဝါးအခမဲ့ကုသပေးခဲ့သည်။

ပြင်ဦးလွင်မြို့နယ်အတွင်းရှိ  သဒ္ဓမ္မပါလရွှေကျောင်းတိုက် ၊ အောင်ဆန်းမိုးကုတ်ဝိပဿာနာ ဓမ္မရိပ်သာခွဲ သို့အလှူငွေများ လာရောက်လှူဒါန်း 

မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်ခရိုင်  ၊ ပြင်ဦးလွင်မြို့နယ် ၊ အင်းယားကျေးရွာအုပ်စု ၊ ကျီးကိုင်ကျေးရွာရှိ  သဒ္ဓမ္မပါလရွှေကျောင်းတိုက် ၊ အောင်ဆန်းမိုးကုတ်ဝိပဿာနာ ဓမ္မရိပ်သာခွဲ၌ သီတင်းသုံးနေထိုင် ကြကုန်သော ရဟန်း/သာမနေ (၂၈) ပါး ၊ ခေတ္တသီတင်းသုံးလျက်ရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး ၊ စစ်ကိုင်းမြို့၊ နန်းဦးမြို့သစ်  သကျဓီတာ  သီလရှင် စာသင်တိုက်မှ  ဆရာကြီး / ဆရာလေး ( ၂၅၀ ) ပါး ၊ စုစုပေါင်း  ( ၂၇၈ ) ပါးတို့အား  လှူဖွယ်ပစ္စည်းများနှင့်  နဝကမ္မအလှူငွေများ  လာရောက်လှူဒါန်းပွဲအခမ်းအနားကို ယနေ့ နံနက်  (၁၀)နာရီက အဆိုပါဓမ္မရိပ်သာခွဲ၌ ကျင်းပပြုလုပ်ခဲ့သည် ။

လာမည့်ရွေးကောက်ပွဲအတွက် မဲစာရင်းမှန်ကန်မှုရှိစေရေး ပဉ္စမအကြိမ် မူကြမ်းများ စစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမရပူရမြို့နယ်ရုံးတွင် ယနေ့နံနက် ၁၀ နာရီအချိန်က လာမည့်ရွေးကောက်ပွဲအတွက် မဲစာရင်းမှန်ကန်မှု ရှိစေရေး ပဉ္စမအကြိမ်မူကြမ်းများကို စစ်ဆေးခဲ့ကြောင်း သိရသည်။

နွေစပါး(မနောသုခ) စံပြကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ လိပ်ဆံခွန် (အနောက်) ကွင်းအမှတ် ၆၄၈ (ခ)၊ ဦးပိုင်အမှတ် ၁၃၄/၁ ရှိ တောင်သူဦးသန်းထွန်း၏ ၂.၄၀ ဧကရှိ မနောသုခ(မုရင်း)စပါး နွေစပါး စံပြကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၈ နာရီအချိန်က အဆိုပါ လယ်ကွင်း၌ စိုက်ပျိုး​ရေးဦးစီးဌာနနှင့် မြေစာရင်းဦးစီးဌာနတို့ ပူးပေါင်း၍ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော အဆောက်အအုံများ ပြုပြင်တည်ဆောက်ခြင်းနှင့် ငလျင်ဒဏ်ခံအဆောက်အဦများ ဆောက်လုပ်ခြင်း နည်းပညာပိုင်းဆိုင်ရာဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်

မန္တလေးတိုင်းဒေသကြီးအတွင်း အင်အားအလွန်ပြင်းထန်သော မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသော အဆောက်အအုံများ၊ ပြုပြင်တည်ဆောက်ခြင်းနှင့် ငလျင်ဒဏ်ခံအဆောက်အဦများ ဆောက်လုပ်ခြင်း  နည်းပညာပိုင်းဆိုင်ရာ ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း (မန္တလေး)တို့မှ အင်ဂျင်နီယာများ၊ ပညာရှင်များ၊ နည်းပညာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊  ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။  
Subscribe to မန္တလေးတိုင်းဒေသကြီး