တံတားဦး မေ ၁၆
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးထားကြသည့် နွေစပါးနှင့်နွေနှမ်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
တံတားဦးမြို့နယ်အနဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် နွေစပါးများကို ရေနည်းလမ်းအလိုက် စိုက်ပျိုးရာတွင် အခြားရေသောနည်းလမ်းဖြင့် စိုက်ပျိုးရန် (၂၅) ဧကနှင့်မယင်းရေသောက်နည်းလမ်းဖြင့် စိုက်ပျိုးရန် (၉၀) စုစုပေါင်း (၁၁၅) ဧက လျာထားရာ ရာနှုန်းပြည့် (၁၁၅) ဧက စိုက်ပျိုးနိုင်ပါကြောင်း၊ ဒါ့အပြင် စပါးမျိုးကွဲအလိုက် စိုက်ပျိုးရန် မနောသုခနွေစပါး (၁၁၅) ဧက လျာထားသော်လည်း ဧက (၁၁၁) ဧက စိုက်ပျိုးနိုင်ပါကြောင်း၊ အောင်နိုင်တိုးစပါးမျိုးအနေဖြင့် (၄) ဧက စုစုပေါင်း(၁၁၅)ဧကစိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပါကြောင်း၊ ထိုနည်းအတူ ၂၀၂၄- ၂၀၂၅ ခုနှစ် နွေနှမ်းများစိုက်ပျိုးရန်အတွက် ကန်ရေသောက်စနစ်ဖြင့် ဧက(၁၀၀)၊ ချောင်းမနက်ကန် ရေသောက်စနစ်ဖြင့် ဧက (၃၀၀) စုစုပေါင်းဧက (၄၀၀) စိုက်ပျိုးရန် လျာထားရာ ရာနှုန်းပြည့်စိုက်ပျိုးနိုင်ပါကြောင်း၊ နှမ်းမျိုးကွဲများအနေဖြင့် စိုက်ပျိုးရန် ဆင်းရတနာ-၄ နှမ်းမျိးအတွက် ဧက (၃၀၀) နှင့် ကံရှိနှမ်းမျိုးအတွက် ဧက (၁၀၀) စုစုပေါင်း (၄၀၀) ဧက စိုက်ပျိုးထားကြရာ ယခုအခါ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
တောင်သူများအတွက် သီးနှံများအောင်မြင်ဖြစ်ထွန်းရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျေးရွာများအရောက် ကွင်းဆင်းပြီး တောင်သူစိုက်ပျိုးနည်သင်တန်းပေးခြင်း၊ စိုက်နည်း စနစ်မှန်ကန်ရေး၊ ရေသွင်းရေထုတ်စနစ်မှန်ကန်ရေး၊ ပေါင်းမြက်ကင်းရှင်းရေး၊ ပိုးမွှားအန္တရာယ်ကင်းရှင်းရေး၊ ရိတ်သိမ်းချွေလှေ့ရာတွင် အလေအလွင့်မရှိစေရနှင့် တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိရေးတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ရဲတင့်(ပြန်/ဆက်)