စဉ့်ကိုင် မေ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းတွင်းစာမေးပွဲအောင်စာရင်းများကို ယမန်နေ့နံနက်(၆)နာရီကစတင်၍ စဉ့်ကိုင်မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးတွင် အောင်စာရင်းများ ထုတ်ပြန်ကြေညာထားရှိကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်အတွင်း၌ အ.ထ.ကကျောင်း (၆) ကျောင်း၊ အ.ထ.ကခွဲ(၁၀)ကျောင်း၊ အ.လ.က (ခွဲ)ကျောင်း (၆)ကျောင်း၊ အ.မ.က(၇၉) ကျောင်း၊ အ.မ.က(ခွဲ)ကျောင်း(၂)ကျောင်း၊ စုစုပေါင်း အခြေခံ ပညာကျောင်းပေါင်း(၁၀၃)ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း (၄)ကျောင်း၊ ဘုန်းတော် ကြီးသင်ပညာရေး ကျောင်းပေါင်း(၉)ကျောင်းတို့ရှိပြီး ယင်းကျောင်းအားလုံးရှိ KG မှ Grade -11 (ဧကဒဿမတန်း)အထိ ကျောင်းသား၊ကျောင်းသူများ၏ (၂၀၂၄-၂၀၂၅) ပညာသင်နှစ်အတွက် ကျောင်းတွင်းစာမေးပွဲ အောင်စာရင်းများကို ထုတ်ပြန်ကြေငြာထားရှိရာ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများက လာရောက် ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)(၃၉၉)