မန္တလေးတိုင်းဒေသကြီး

ကျောက်ဆည်မြို့နယ်တွင် ရေရရှိရေးနည်းလမ်းဖြင့် နွေစပါး(၄၉၃၂)ဧက စိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဆည်ရေသောက်စနစ်ဖြင့် နွေသီးနှံများစိုက်ပျိုးရာ၌ ရေရရှိရေးနည်းလမ်းဖြင့် နွေစပါး(၄၉၃၂)ဧက စိုက်ပျိုးထားရှိပြီးဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်စွာကျင်းပနိုင်ရေး၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းအပ်နှံရေး၊ ၂၀၂၅ ခုနှစ် ဓမ္မာစရိယ နှင့် ပါဠိပထမပြန်စာမေးပွဲများ ပြန်လည်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၅ခုနှစ်ဇွန်လအတွင်း ပြန်လည်ကျင်းပစစ်ဆေးသွားမည့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာ ကျောင်းအပ်နှံရေး၊ မန္တလေးငလျင်ကြီးကြောင့်ရပ်ဆိုင်းခဲ့သော ၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများ အောင်မြင်စွာ ပြန်လည်ကျင်းပနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မေလ(၁၅)ရက်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး သာသနာရေးဦးစီးဌာနနှင့် ပညာရေးဦးစီးမှူး ရုံးတို့မှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် "ကျောင်းနေအရွယ်ကလေးအားလုံး စဥ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့" မြေစိုက်ပိုစတာစိုက်ထူပွဲ ကျင်းပ

ပညာရေးဝန်ကြီးဌာန ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ "ကျောင်းနေအရွယ်ကလေးအားလုံး စဥ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့" မြေစိုက်ပိုစတာစိုက်ထူပွဲ အခမ်း အနားကို မေလ ၁၆ ရက်နေ့၊ နံနက် ၇ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊  ၂၆ လမ်း၊ ၆၆ လမ်း၊ ကျုံးထောင့်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် KG တန်းမှ Grade-11 အထိ နှစ်ဆုံးစာမေးပွဲ အောင်စာရင်းများထုတ်ပြန်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအဆင့် KG တန်းမှ Grade-11 အထိ ဖြေဆိုခဲ့ကြသည့် နှစ်ဆုံးစာမေးပွဲ အောင်စာရင်းများ ယနေ့ နံနက်(၆)နာရီက သက်ဆိုင်ရာကျောင်းအသီးသီးတွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

မိတ္ထီလာခရိုင်အတွင်းရှိ နှမ်းစိုက်ပျိုးမည့်တောင်သူများ ဘောင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးထားသော ဧက ၁၀၀ နွေနှမ်းစိုက်ခင်းများသို့ လေ့လာ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ် ဇောင်းချမ်းကုန်းကျေးရွာ ကွင်းအမှတ် ၇၃၇ ရှိ ဘောင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးထားသော ဧက၁၀၀ နွေနှမ်း (ရေဆင်း-၁၄ မျိုး) စိုက်ခင်းများသို့ ခရိုင်အတွင်းရှိ နှမ်းစိုက်ပျိုးမည့် တောင်သူများက မေလ ၁၅ ရက်နေ့ နံနက် ၉ နာရီအချိန်က လာရောက်လေ့လာခဲ့ကြကြောင်း  မိတ္ထီလာခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စဉ့်ကိုင်မြို့နယ်အတွင်း၌ (ဒုတိယအကြိမ်မြောက်) ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ (Ora Vacs) ကာကွယ် ဆေးများ တိုက်ကျွေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများသည် မေလ ၁၅ ရက်နေ့ နံနက် (၉) နာရီအချိန်က မြို့နယ်မိခင်က‌လေး ကျန်းမာရေး ဌာန၌ စဉ့်ကိုင်မြို့‌ပေါ် (၅) ရပ်ကွက်အတွင်းရှိ အသက် (၂) နှစ်မှ (၆) နှစ်ထိ ကလေးငယ်များအား  ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ (Ora Vacs) ကြိုတင်ကာကွယ်နိုင်ရေး (ဒုတိယအကြိမ်မြောက်) ကာကွယ်ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများ ‌လုပ်‌ဆောင်ခဲ့ကြသည်။

အမှတ်စဥ် (၁၃)ပြည်သူစစ်မှုထမ်းမည့်သူများအား UID ကတ်များ ကွင်းဆင်းဆောင်ရွက်ပေး

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ဦးစီးမှူးရုံးသည်  အမရပူရမြို့နယ်မှ အမှတ်စဥ် (၁၃) ပြည်သူ့စစ်မှုထမ်းသင်တန်း တက်ရောက်မည့် သင်တန်းသားများအား စုရပ်ဖြစ်သော မန္တလေးတောင်ခြေ အမှတ်(၉၅) ခြေမြန်တပ်ရင်း၌ ယမန်နေ့ နံနက် ၁၀ နာရီက နံပါတ်ဆယ်လုံးပါ UID ကတ်များကို ဆောင်ရွက်ပေးခဲ့သည်။

မိတ္ထီလာမြို့နယ်၌ ၂၀၂၅ ခုနှစ် လူထုဖြန့်သစ်ပင်ပျိုးပင် ၉ဝဝဝဝ ပင် စိုက်ပျိုးရန် အခမဲ့ဖြန့်ဝေပေးမည်

မိတ္ထီလာမြို့နယ်၌ ၂၀၂၅ ခုနှစ် လူထုဖြန့်သစ်ပင်ပျိုးပေါင်း ၉၀၀၀၀ ပင်ကို မိုးရာသီကာလ၌ စိုက်ပျိုးနိုင်ရန်အတွက် အခမဲ့ဖြန့်ဝေပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး  ဦးကိုကိုမောင်ထံက သိရသည်။

ချမ်းမြသာစည်မြို့နယ် ကုတင် (၅၀၀) ဆံ့ အရိုးရောဂါအထူးကုဆေးရုံကြီးတွင် ငလျင်ကယ်ဆယ်ရေး သရုပ်ပြလေ့ကျင့်မှု ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၁) ရပ်ကွက်၊ ၆၂လမ်း၊ ၁၀၄×၁၀၅ လမ်းကြားရှိ ကုတင် (၅၀၀) ဆံ့ အရိုးရောဂါအထူးကုဆေးရုံကြီးတွင် ယနေ့ နံနက် ၇:၄၅ နာရီ အချိန်က ငလျင်ကယ်ဆယ်ရေး သရုပ်ပြလေ့ကျင့်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်(ကျောင်းတွင်းစစ်)စာမေးပွဲ ဖြေဆိုထားသည့် KG မှ Grade 11 ထိ အောင်စာရင်းများ ထုတ်ပြန်ကြေညာ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာအဆင့်(ကျောင်းတွင်းစစ်)စာမေးပွဲဖြေဆိုထားသည့် KG မှ Grade-11 ထိကျောင်းသား၊‌ ကျောင်းသူများ၏ အောင်စာရင်းများကို ယနေ့နံနက်ပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး