ပျော်ဘွယ် မေ ၁၆
ပျော်ဘွယ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ဗဟုသုတရရှိစေရန်အတွက် မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက်(၈)နာရီက မယ်ဇလီအိုင့်ကျေးရွာ ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ဂွေးဇီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ထွေးက မိမိတို့ကျေးရွာပြည်သူများ အနေဖြင့် ဟောပြောသည့်အကြောင်းအရာများကို သေချာစွာမှတ်သားတတ်စေရန် ဆွေးနွေးပြော ကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်မေစောမွန်က မူးယစ်ဆေးကိုအစ ပြုလုပ်သုံးစွဲခြင်းမှ ရှောင်ကျဉ်ရန်လိုအပ်ကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးစေရန် မိမိကိုယ်တိုင်မှ ရှောင်ကျဉ်သင့်သလို ပတ်ဝန်းကျင်ရှိ မိတ်ဆွေများအားလဲ သုံးစွဲမှု မရှိစေရန်အတွက် တိုက်တွန်း အားပေးရန် လိုအပ်ပါကြောင်းတို့ကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါး အန္တရာယ်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များ၊ အသိပညာဟေုသုတရရှိစေမည့် စာအုပ်၊ စာစောင်များကို ကျေးရွာနေပြည်သူများက လေ့လာကြည့်ရှုခဲ့ကြောင်းသိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)