စိုက်ပျိုးရေးဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး ဦးစီမှူးရုံး သင်တန်းခန်းမတွင်စပါးသီးနှံပန်းတိုင် အထွက်နှုန်းရရှိရေး နည်းပညာပေး သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ချမ်းမြသာစည်   မေ ၂၂

မန္တလေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ စပါးသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်တွင် ချမ်းမြသာစည်မြို့နယ်အတွင်းရှိ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲအခမ်းအနား၌ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထိန်က အမှာစကားပြောကြားရာတွင် စပါးသီးနှံကို ဝမ်းစာဖူလုံရေး၊ ပြည်ပတင်ပို့နိုင်ရေးအတွက် စပါးသီးနှံပန်းတိုင်အထွက်နှုန်း ရရှိရေးကို နိုင်ငံတော်မှ တွန်းအားပေး ဆောင်ရွက်လျက်ရှိပါကြောင်း ဝန်ထမ်းများသည် အတွေ့အကြုံ၊ ဗဟုသုတ၊ နည်းပညာများပြည့်ဝစွာဖြင့် တောင်သူများကို ပညာပေးနိုင်မှသာ တောင်သူများနှင့်ပူးပေါင်းပြီး စပါးသီးနှံပန်းတိုင်အထွက်နှုန်း ရရှိရေး ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးအနေဖြင့် တစ်တိုင်းလုံး ပန်းတိုင်အထွက်နှုန်း ရရှိရေး အတွက် ဝန်ထမ်းများ ပူးပေါင်းကြိုးစား လုပ်ဆောင်ကြရန်လိုအပ်ကြောင်း၊ စပါးသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးသင်တန်းများကို ကျောက်ဆည်ခရိုင်၊ မိတ္ထီလာခရိုင်တို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ကျန်ရှိသော ရမည်းသင်း၊ညောင်ဦး၊မြင်းခြံခရိုင်တို့တွင် ဆက်လက်ပြုလုပ် သွားမည်ဖြစ်ကြောင်း၊ သင်တန်းကို စည်းကမ်းတကျတက်ရောက်၍ ဗဟုသုတဆည်းပူးလေ့လာကြရန်၊ စိုက်ပျိုးနည်းပညာများကို မိမိတို့တစ်ဦးချင်း ဆက်လက်လေ့လာသွားကြရန်နှင့် တောင်သူ အကျိုးပြုလုပ်ငန်များ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နည်းပညာပေးသင်တန်းတွင် စပါးသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုးကောင်းမျိုးသန့် သုံးစွဲရေး၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးနှင့် ဓာတ်မြေဩဇာသဘာဝမြေဇာများ အချိန်ကိုက် အချိုးကျသုံးစွဲရေး၊ ပိုးမွှားရောါ ကာကွယ်နှိမ်နင်းနည်းနှင့် ပိုးသတ်ဆေးစနစ်တကျ သုံးစွဲ၍ အပင်ပြုစုစောင့်ရှောက်ခြင်းဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အချက်များကို ဆွေးနွေးပို့ချခဲ့ပြီး နောက် အကဲဖြတ်စာမေးပွဲများ ဖြေဆိုခဲ့ကြကြောင်း သိရသည်။  သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးဝင်းထိန်နှင့် ခရိုင်ဦးစီးမှူးများ၊ သင်တန်းနည်းပြ ဆရာ၊ ဆရာမများ၊ အောင်မြေသာစံခရိုင်၊ မဟာအောင်မြေခရိုင်၊အမရပူရခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျဉ်းခရိုင်တို့မှ စိုက်ပျိုးရေးဝန်ထမ်း သင်တန်းသား/သူ စုစုပေါင်း (၁၀၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ချမ်းမြေ့