ကျောက်ဆည် မေ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံခြင်းများကို ယနေ့နံနက် (၉) နာရီမှစ၍ ကျောင်းအပ် လက်ခံ ခြင်းများ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ရာတွင် အတန်းစဉ်အလိုက် ကျောင်းသား/ ကျောင်းသူများ၏ အတန်းတက်လက်မှတ်၊ ကျောင်းပြောင်းလက်မှတ်များ စိစစ်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းအပ်နှံရာတွင် ကျောင်းလခ၊ မိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာကြေးနှင့် စာကြည့်တိုက်ကြေးများအပါအဝင် မည်သည့်အခကြေးငွေကိုမျှ လုံဝပေးဆောင်စရာမလိုကြောင်းနှင့် သူငယ်တန်း(KG) သင်ရိုးသစ်အတန်း၊ ပထမတန်း (Grade-1) မှ ပဉ္စမတန်း (Grade-5) အတန်းများတွင် တက်ရောက်ပညာသင်ယူမည့် ကျောင်းသား/ ကျောင်းသူများအား ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ် (၁)ဒါဇင်၊ ခဲတံ (၄) ချောင်းနှင့် ကျောင်းဝတ်စုံ (၁) စုံ၊ ဆဌမတန်း (Grade-6) မှ ဒွါဒသမတန်း (Grade-12) အတန်းများတွင် တက်ရောက်ပညာသင်ယူမည့် ကျောင်းသား၊ ကျောင်သူများအား ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ် (၁) ဒါဇင်၊ ဘောပင် (၂) ချောင်း၊ ခဲတံ (၂) ချောင်းတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ကျောင်းအပ်နှံရေးလုပ်ငန်းများကို ၂၀၂၅ ခုနှစ် မေလ (၂၂) ရက်နေ့မှ ဇွန်လ (၁) ရက်နေ့အထိ ကျောင်းအပ်နှံရေးသီးတင်ပတ်လှုပ်ရှားမှုအဖြစ် “ကျောင်းနေအရွယ် ကလေးများအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ် လက်ခံခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ပိုင်ပိုင်ကျော်