မြင်းခြံ မေ ၂၂
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှု လက်ခံလျက်ရှိကြောင်း သိရသည်။
“မေလ ၂၂ ရက်နေ့မှ စတင်ကာ ကျောင်းအပ်နှံမှုများ စတင်လက်ခံဆောင်ရွက်လျက်ရှိပြီး ကျောင်းသား/ကျောင်းသူများအတွက် နိုင်ငံတော်မှ အခမဲ့ဖြန့်ဝေပေးသည့် ကျောင်းသုံးပုံနှိပ်၊ ဗလာစာအုပ်၊ ခဲတံနှင့် ဘောပင်များလည်း ပြန်လည်ထောက်ပံ့ပေးအပ်လျက်ရှိပါတယ်”ဟု မြို့နယ် ပညာရေးမှူး ဒေါ်နီနီဝင်းကပြောသည်။
မေလ ၂၂ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့ထိ ကျောင်းအပ်နှံခြင်းကို နေ့စဉ် နံနက် ၈ နာရီခွဲမှ ညနေ ၄ နာရီထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)