အမရပူရ မေ ၂၃
အမရပူရခရိုင်၊ အမရပူရမြို့၊ လေးစုရပ်ကွက်နှင့် ဆင်စွယ်ပွတ်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းအမှတ် (၁)၊(၂)နှင့် မြို့ပေါ်ကျောင်းများတွင် ၂၀၂၅-၂၆ ပညာသင်နှစ်အတွက် ပညာသင်ကြားမည့် ကျောင်းသား/သူများကိုမေလ ၂၂ ရက်နေ့ကစတင် လက်ခံလျက်ရှိရာ ကျောင်းအပ်နှံနေမှုများအား ယနေ့နံနက် ၉ နာရီခွဲအချိန်ကလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါကျောင်းအပ်နှံနေမှုကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွန့်ဦးနှင့် ခရိုင်ပညာရေးမှူး ဒေါ်ထုလွမ်တို့မှ လာရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)