သာစည် မေ ၂၂
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်သစ်တောဦးစီးဌာနက ၂၀၂၅ မိုးရာသီတွင် ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပြည်သူလူထုသို့ဖြန့်ဝေစိုက်ပျိုးနိုင်ရန် ပျိုးပင်ပေါင်း ၇၅၀၀၀ ကို မြို့မ(လူထုဖြန့်) ပျိုးဥယျာဉ်တွင်ပျိုးထောင်ထားကြောင်း မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ကျော်စိုးထံက သိရသည်။
ပျိုးထောင်ထားရာတွင် ဒေသနှင့်ကိုက်ညီသည့် ကုလားကုက္ကို ၁၃၀၀၀၊တမာ ၈၀၀၀၊ယူကလစ် ၁၅၀၀၀၊ မယ်ဇလီပင် ၁၁၀၀၀၊ ဇီး ၅၅၀၀၊မန်ကျဉ်း ၅၄၀၀၊ စိန်တံချူ ၁၀၀၀၊ ဗန်ဒါ ၂၄၀၀၊စိန်ပန်း ၅၀၀၀၊ တပေဘူတ ၂၅၀၀၊ မာတာကွပ် ၂၅၀၀ နှင့် ဆီးဖြူ ၃၇၀၀ စသည့်သစ်ပင်မျိုးစုံ ၁၂ မျိုးကို ပျိုးထောင်ထားကာ မိုးရာသီအကြိုနှင့်မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်များ၊ ဌာနဆိုင်ရာများမှ စိုက်ပျိုးခြင်းများ၊ တပ်ရင်းတပ်ဖွဲ့များမှ စိုက်ပျိုးခြင်းများနှင့် ပြည်သူလူထုသို့ ဖြန့်ဝေစိုက်ပျိုးသွားမည် ဖြစ်ကြောင်းသိရပြီး ၂၀၂၅ ခုနှစ်ဘက်စုံသုံးစိုက်ခင်း ၆၀၀၀ ပင်နှင့်တစ်ရွာနှစ်ဧက ကျေးရွာလေးရွာ၌ ၂၄၀၀ ပင် စုစုပေါင်းအပင် ၈၄၀၀ ဖြန့်ဝေစိုက်ပျိုးပြီးဖြစ်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)