သာစည် မေ ၂၂
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေလ ၂၂ ရက်နေ့ နံနက် ၉ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ သူလေးများက မြန်မာ့ကျောင်း သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျောက အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးလှထွန်းက ပညာရေးနှင့်ပတ်သက်ပြီး ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး အခြေခံပညာကျောင်းများသို့ အခမဲ့ထောက်ပံ့ပေးသော ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံ၊ ဘောပင်နှင့် ကျောင်းဝတ်စုံများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက သက်ဆိုင်ရာကျောင်းအုပ်ကြီး များထံ လွှဲပြောင်းပေးအပ်သည်။ ၎င်းနောက် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ သူလေးများက အလှကမ္ဘာမြေ သီချင်းဖြင့် သရုပ်ဖော်ကပြဖျော်ဖြေပြီး သီချင်းများဖြင့် ဖျော်ဖြေကြသော အ.ထ.က (၁) နှင့် (၂) တို့မှ ကျောင်း သား/သူလေးများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဂုဏ်ပြုငွေများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာ/မများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား/သူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအပ်နှံနေမှုများကို ကြည့်ရှုအားပေးခဲ့ ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)