မြစ်သားမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ

မြစ်သား မေ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင်၂၀၂၄၂၀၂၅ပညာသင်နှစ်အတွက် “‌ကျောင်းနေအရွယ်က လေးအားလုံးစဥ်ဆက်မပြတ် ပညာသင်ယူဖို့ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉  နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းအပ်နှံရေးနေ့အခမ်းအနားတွင် ​အခြေခံပညာနှင့် စက်မှု စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက "မြန်မာ့ကျောင်း"သီချင်းဖြင့် အခမ်းအနားကိုသီဆိုဖွင့်လှစ်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူးဒေါ်ပြုံးကြည်က ဆရာ/ဆရာမများအနေ ဖြင့် ဦးဆောင်နိုင်မှု၊ စီမံခန့်ခွဲမှု၊ သင်ကြား/သင်ယူမှု၊ ပူးပေါင်းဆောင်ရွက်နိုင်မှု၊ ပင်ကိုယ်အရည်အသွေးများ ပြည့်စုံရန်လိုအပ်ကြောင်းနှင့် ကျောင်းအပ်နှံမှုအခြေအနေများနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ကျောင်းဆရာ မလေးများမှ ဥယျာဥ်မှူးတေးသီချင်းဖြင့် ဧည့်ခံဖျော်ဖြေခဲ့ပြီး နိုင်ငံတော်မှ အခြေခံကျောင်းများသို့ အခမဲ့ ပေးအပ်သော ဗလာစာအုပ်၊ ကျောင်းသုံးပုံနှိပ်စာအုပ်၊ ခဲတံ၊ ဘောပင်နှင့် ကျောင်းဝတ်စုံများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်ပြည့်ဖြိုးဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများကပေးအပ်ရာ သက်ဆိုင်ရာကျောင်း အုပ်ဆရာကြီး၊ဆရာမကြီးများက လက်ခံရယူခဲ့ကြသည်။ ထို့နောက် မြို့မအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများက “ပြည်မြန်မာတေး” သီချင်းဖြင့် သီဆိုကာအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီး အကဲများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းရွှေကြည်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ကျောင်းသား/ကျောင်းသူများစုစုပေါင်း(၁၅၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

ဝင်းမင်းထွန်း(ပြန်/ဆက်)