ပျော်ဘွယ်မြို့နယ်တွင် ကွမ်းယာ၊ ဆေးလိပ်၊ အရက် ရှောင်ကြဉ်နိုင်ရေးအသိပညာပေး ဟောပြောခြင်းနှင့်လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

ပျော်ဘွယ် မေ ၂၃

ပျော်ဘွယ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဦးဆောင်၍ ကွမ်းယာ၊ ဆေးလိပ်၊ အရက်ရှောင်ကြဉ်နိုင်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များအခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက်(၈)နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလဲ့လဲ့အောင်က ကွမ်းယာ၊ ဆေးလိပ်၊ အရက်သုံးစွဲခြင်းကြောင့် ရောဂါဖြစ်ပွားမှုအခြေအနေများ၊ လူမှုစီးပွားထိခိုက်ပျက်စီးဆုံးရှုံးရမှု အခြေ အနေများကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများအား အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးသည်။

ဆက်လက်၍ ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာများပူးပေါင်းပါဝင်သည့်အဖွဲ့များသည် ပြည်သူ့ဈေးအတွင်း ကွမ်းယာ၊ ဆေးလိပ်၊ အရက်ရှောင်ကြဉ်ရေး အသိပညာပေးလက်ကမ်း စာစောင်များကို ပြည်သူထံသို့ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)