မန္တလေးတိုင်းဒေသကြီး

ငါန်းဇွန်မြို့နယ်၌ ဒုတိယအကြိမ်မဲစာရင်းများအပေါ် မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးခြင်းဆက်လက်ဆောင်ရွက်

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့်နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရန် ဆန္ဒမဲပေးနိုင်ရေးအတွက် ဒုတိယအကြိမ်မဲစာရင်းများအပေါ် မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးခြင်းများကို ဒီဇင်ဘာ ၂ ရက်နေ့နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက် လေးရပ်ကွက်တွင် ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။

ချမ်း​မြသာစည်မြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို နေ့ချင်းပြီး ဆက်လက်ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူများဆန္ဒမဲပေးခွင့်မဆုံးရှုံးစေရေးအတွက် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံ သားစိစစ်ရေးကတ်ပြားများအား One Stop Service ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ဒီဇင်ဘာ ၂ ရက်နေ့နံနက်ပိုင်းတွင် မြို့သစ် (၃) ရပ်ကွက်ရုံးနှင့် မြို့သစ် (၄) ရပ်ကွက်ရုံးတွင် နေ့ချင်းပြီး ဆက်လက်ဆောင်ရွက်ပေးခဲ့သည်။

ကျောက်ဆည်မြို့၌ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်း အသိပညာပေးဆွေးနွေးပွဲကျင်းပ

ကျောင်းအခြေပြု၊ ပြည်သူ့လူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ရေးထိုးနှံခြင်း အသက် ၉ နှစ်မှ ၁၁ နှစ် (၁၂ နှစ်မပြည့်သေးသူများအထိ) မိန်းကလေးငယ်များအားလုံး ကာကွယ်ဆေးထိုးနှံခြင်းအသိပညာပေးဆွေးနွေးပွဲကို ဒီဇင်ဘာ ၂ ရက်နေ့ နံနက်ပိုင်းက ကျောက်ဆည်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဒီဇင်ဘာ ၁ ရက်နေ့ မွန်းလွဲ(၂)နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ကူမဲမြို့ပေါ်ရပ်ကွက်များတွင် မဲစာရင်းမှန်ကန်စေရေးမဲစာရင်းများ တိုက်ဆိုင်စိစစ် 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများနှင့် ကူမဲမြို့ပေါ်ရှိရပ်ကွက်များတွင်မဲဆန္ဒရှင်ပြည်သူများ နိုင်ငံသားအခွင့်အရေးများမဆုံး‌ရှုံးစေရန် အတွက် မဲစာရင်းမှန်ကန်စေရေးတစ်အိမ်တက်ဆင်း(Door to Door)မြေပြင်ကွင်းဆင်း စာရင်းတိုက်ဆိုင်စစ်ဆေးစိစစ်ဆောင်ရွက်ခြင်းကို ဒီဇင်ဘာ၁ရက်တွင် ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

ပြည်ကြီးတံခွန်မြို့နယ်ရှိ မဲရုံများနှင့် ပတ်ဝန်းကျင် မီးဘေးလုံခြုံရေးစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်ပါသဖြင့် မီးလောင်မီးလန့်မှုများ မဖြစ်ပွားမပေါ်ပေါက်စေရေးအတွက် ဒီဇင်ဘာ ၂ ရက်နေ့ နံနက်ပိုင်းကစတင်ကာ (ဃ)ရပ်ကွက်အတွင်းရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲရုံးနှင့် မဲရုံများ၏ ပတ်ဝန်းကျင်ရှိ နေအိမ်များအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

ချမ်းအေးသာစံမြို့နယ်၌ ရွေးကောက်ပွဲတွင် ပြည်သူအားလုံးပါဝင်မဲပေးရေး အသိပညာပေး

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့်နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန် ဆန္ဒမဲပေးနိုင်ရေးအတွက် ဒို့အတူတူမဲပေးကြမယ် အသိပညာပေးလက်ကမ်းစာစောင်များကို ချမ်းအေးသာစံမြို့နယ် ဒေးဝန်းအနောက်ရပ်ကွက်ရှိ ဧရာဝတီမြစ်ကမ်းနားလမ်းတစ်လျှောက်၌ ယနေ့နံနက်ပိုင်းက ဖြန့်ဝေသည်။

မြစ်သားမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ကုလားပဲသီးနှံ ဧက ၂၂၈၀၀ လျာထားစိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တွင် စိုက်ပျိုး‌ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ကုလားပဲသီးနှံ ဧက ၂၂၈၀၀ လျာထားစိုက်ပျိုးလျက်ရှိပြီး သီးနှံအထွက်နှုန်းတိုးတက်စေရန် လိုအပ်သောသွင်းအားစုများ ထည့်သွင်းခြင်းနှင့် ပိုးမွှားရောဂါမကျရောက်စေရန် ကြိုတင်ကာကွယ်နှိမ်နင်းခြင်းလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

ကျောက်ဆည်မြို့ရေတိုက်စားသွားသည့် အမှတ်(၂)ခရိုင်ချင်းဆက်လမ်းတာပေါင်  ပြန်လည်ပြုပြင်ပြီးစီး

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်တွင် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးလမ်းတံတားများ ပြုပြင်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ရေတိုက်စားသွားသည့် အမှတ်(၂)ခရိုင်ချင်းဆက်လမ်း၏ ၆၈.၈ ကီလိုမီတာနှင့် ၆၉.၂ ကီလိုမီတာကြားလမ်းပိုင်းအား  မြို့နယ်လမ်းဦးစီးဌာနမှ ပြန်လည်ပြုပြင်ပေးခဲ့ရာ လုပ်ငန်းများရာနှုန်းပြည့် ပြီးစီပြီဖြစ်ကြောင်း သိရသည်။

ပုသိမ်ကြီးမြို့နယ်အတွင်း မဲရုံများအဖြစ် ဆောင်ရွက်မည့် နေရာများ မီးဘေးလုံခြုံရေး စစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲရုံများအဖြစ် ဆောင်ရွက်မည့်နေရာများအား ဒီဇင်ဘာ ၁ ရက် နံနက် ၉ နာရီ က စတင်ကာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသန့် ဦးဆောင်၍ ပေါက်မြိုင်ကျေးရွာ၊ ငွေတောင်ကျေးရွာတို့အား မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ကြသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး