ကျောက်ဆည် ဒီဇင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဒီဇင်ဘာ ၁ ရက်နေ့ မွန်းလွဲ(၂)နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အသိပညာပေးဟောပြောပွဲတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်နှင်းရီက ရေဘေးအတွက်ကြိုတင် ပြင်ဆင်ရန်အချက်များ၊ ငလျင်ဘေးအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များနှင့်ရှောင်ရန်၊ ဆောင်ရန်များကိုလည်း ဟော ပြောခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှခင်းကျင်းပြသထားသည့် သုတ၊ ရသစာအုပ်စာစောင်များအား စိတ်ဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။
စုစုအေး(ကျောက်ဆည်)