ကျောက်ဆည်မြို့ရေတိုက်စားသွားသည့် အမှတ်(၂)ခရိုင်ချင်းဆက်လမ်းတာပေါင်  ပြန်လည်ပြုပြင်ပြီးစီး

ကျောက်ဆည် ဒီဇင်ဘာ 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်တွင် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးလမ်းတံတားများ ပြုပြင်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ရေတိုက်စားသွားသည့် အမှတ်(၂)ခရိုင်ချင်းဆက်လမ်း၏ ၆၈.၈ ကီလိုမီတာနှင့် ၆၉.၂ ကီလိုမီတာကြား လမ်းပိုင်းအား  မြို့နယ်လမ်းဦးစီးဌာနမှ ပြန်လည်ပြုပြင်ပေးခဲ့ရာ လုပ်ငန်းများရာနှုန်းပြည့် ပြီးစီပြီဖြစ်ကြောင်း သိရသည်။

လမ်းပြုပြင်ခြင်းလုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ(ငွေလုံးငွေရင်း) ကျပ် ၂၆ သန်းဖြင့် ရေတိုက်စားသွားသော လမ်းတာပေါင်အရှည်(၀.၄)ကီလိုမီတာ၊ ပျမ်းမျှအကျယ်(၁.၈၃)မီတာအား ပြန်လည်ပြုပြင်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါခရိုင်ချင်းဆက်လမ်းသည် လမ်းအသုံးပြုသည့်ကျေးရွာများသည့်အတွက် ဒေသတွင်းကုန်ပစ္စည်းများသယ်ယူရာ၌ များစွာအရေးပါဖြင့် ဒေသခံပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးမှုအတွက် များစွာအထောက်အကူဖြစ်ကြောင်း သိရသည်။

သက်မောင်၊(ကျောက်ဆည်)