ပြည်ကြီးတံခွန်မြို့နယ်ရှိ မဲရုံများနှင့် ပတ်ဝန်းကျင် မီးဘေးလုံခြုံရေးစစ်ဆေး

ပြည်ကြီးတံခွန်  ဒီဇင်ဘာ ၂

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်ပါသဖြင့် မီးလောင်မီးလန့်မှုများ မဖြစ်ပွားမပေါ်ပေါက်စေရေးအတွက် ဒီဇင်ဘာ ၂ ရက်နေ့ နံနက်ပိုင်းကစတင်ကာ (ဃ)ရပ်ကွက်အတွင်းရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနှင့် မဲရုံများ၏ ပတ်ဝန်းကျင်ရှိနေအိမ်များအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

ယင်း ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်ဦး ဦးဆောင်၍ သန္ဓေ ၁၀ ဦး၊ အရန် ၃၀ ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများပူးပေါင်းကာ (ဃ)ရပ်ကွက်အတွင်းရှိ‌ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မဲရုံများ၏ပတ်၀န်းကျင်ရှိ နေအိမ်များအား တစ်အိမ်တက်ဆင်းစစ်ဆေး၍ ရွေးကောက်ပွဲကာလအတွင်း မီးကိုသတိပြု၍သုံးစွဲကြရန်၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးချိတ်၊ မီးကပ်၊ သဲ၊ ရေ၊ မီးသတ်ဆေးဘူးများ ပြည့်စုံစွာထားရှိရန်မှာကြားပြီး မီးသတိပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)