ချမ်းမြသာစည် ဒီဇင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူများဆန္ဒမဲပေးခွင့်မဆုံးရှုံးစေရေးအတွက် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံ သားစိစစ်ရေးကတ်ပြားများအား One Stop Service ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ဒီဇင်ဘာ ၂ ရက်နေ့နံနက်ပိုင်းတွင် မြို့သစ် (၃) ရပ်ကွက်ရုံးနှင့် မြို့သစ် (၄) ရပ်ကွက်ရုံးတွင် နေ့ချင်းပြီး ဆက်လက်ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ချမ်းမြသာစည်မြို့နယ်ဦးစီးမှူး ဦးရဲမင်းထွန်းနှင့်ဝန်ထမ်းများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် (၁) ဗိုလ်မှူး ထွန်းဇံဖြူ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်နှင့် ရက်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံသားစိစစ်ရေးကတ်များကို ပြည်သူများလက်ဝယ် အရောက်ပေးအပ်ကြသည်။
အဆိုပါ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို နိုဝင်ဘာ ၂၈ ရက်နေ့မှစ၍ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အလင်းသစ် (ချမ်း/စည် ပြန်/ဆက်)