မြစ်သားမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ကုလားပဲသီးနှံ ဧက ၂၂၈၀၀ လျာထားစိုက်ပျိုး

မြစ်သား ဒီဇင်ဘာ ၂

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တွင် စိုက်ပျိုး‌ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ကုလားပဲသီးနှံ ဧက ၂၂၈၀၀ လျာထားစိုက်ပျိုးလျက်ရှိပြီး သီးနှံအထွက်နှုန်းတိုးတက်စေရန် လိုအပ်သောသွင်းအားစုများ ထည့်သွင်းခြင်းနှင့် ပိုးမွှားရောဂါမကျရောက်စေရန် ကြိုတင်ကာကွယ်နှိမ်နင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မြစ်သားမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ကုလားပဲအပါအဝင် စားဖိုဆောင်းသီးနှံပင် စိုက်ပျိုးတောင်သူများကို ဒေသနှင့်ကိုက်ညီပြီးအထွက်နှုန်းကောင်းမျိုးများကို တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ စိုက်နည်းစနစ်မှန်ကန်စေရေး၊ ပိုးမွှားရောဂါကင်းရှင်းရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှဦးစီးအရာရှိနှင့်ဝန်ထမ်းများက မြို့နယ်အတွင်းရှိ‌တောင်သူများကို အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

မြစ်သားမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ကုလားပဲစိုက်ပျိုးတောင်သူများပူးပေါင်း၍ အထွက်နှုန်းကောင်းမျိုးများစိုက်ပျိုးပြီး မြေဩဇာနှင့်သွင်းအားစုများ စနစ်တကျသုံးစွဲစိုက်ပျိုးကာ ဒေသတွင်းသီးနှံဝင်ငွေ တိုးပွားစေရန်အတွက်  ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ကုလားပဲသီးနှံ ဧက၂၂၈၀၀ လျာထားစိုက်ပျိုးပြီးဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနတာဝန်ရှိသူတစ်ဦး ထံမှသိရသည်။

ဝါဝါမြင့် (မြစ်သား)