ပုသိမ်ကြီး ဒီဇင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲရုံများအဖြစ် ဆောင်ရွက်မည့်နေရာများအား ဒီဇင်ဘာ ၁ ရက် နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသန့် ဦးဆောင်၍ ပေါက်မြိုင်ကျေးရွာ၊ ငွေတောင်ကျေးရွာတို့အား မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ကြသည်။
အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသန့် ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ဆောင်ရွက်လျက်ရှိပြီး မဲရုံများဖွင့်လှစ် ဆောင်ရွက်မည့် တက္ကသိုလ်၊ စာသင်ကျောင်း၊ ဓမ္မာရုံများနှင့် မဲရုံအနီးပတ်ဝန်းကျင်ရှိလုပ်ငန်းများ၊ လူနေအိမ်များမီးလောင်မှု၊ မီးလန့်မှုများကင်းဝေးစေရန် အသိပေးစစ်ဆေးဆောင်ရွက်ခဲ့ပြီး၊ ကျန်ရှိသည့်နေရာများကိုလည်း ဆက်လက်စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇာနည်ကိုကို (ပြန်/ဆက်)