ချမ်းအေးသာစံ ဒီဇင်ဘာ ၂
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့်နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန် ဆန္ဒမဲပေးနိုင်ရေးအတွက် ဒို့အတူတူမဲပေးကြမယ် အသိပညာပေးလက်ကမ်းစာစောင်များကို ချမ်းအေးသာစံမြို့နယ် ဒေးဝန်းအနောက်ရပ်ကွက်ရှိ ဧရာဝတီမြစ်ကမ်းနားလမ်းတစ်လျှောက်၌ ယနေ့နံနက်ပိုင်းက ဖြန့်ဝေသည်။
ရွေးကောက်ပွဲကာလတွင် မဲပေးပိုင်ခွင့်ရှိသည့်နိုင်ငံသားတိုင်းဆန္ဒမဲပေးနိုင်စေရန် အသိပညာပေးလက်ကမ်းစာစောင်များကို ဧရာဝတီမြစ်ကမ်းနားလမ်းရှိ ရေကြောင်းခရီးသွားပြည်သူများအားလည်းကောင်း၊ လူစည်ကားသည့်နေရာများရှိ အများပြည်သူများအားလည်းကောင်း “ရွေးကောက်ပွဲတွင် ဒို့အတူမဲပေးကြမယ်” ခေါင်းစဥ်ဖြင့် အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့သည်။
အဆိုပါလက်ကမ်းစာစောင်များဖြန့်ဝေရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးနှင့်ရာအိမ်မှူးများ၊ ရပ်ကွက်စာရေးများမှ လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)