ငါန်းဇွန်မြို့နယ်၌ ဒုတိယအကြိမ်မဲစာရင်းများအပေါ် မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးခြင်းဆက်လက်ဆောင်ရွက်

ငါန်းဇွန် ဒီဇင်ဘာ ၂

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့်နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရန် ဆန္ဒမဲပေးနိုင်ရေးအတွက် ဒုတိယအကြိမ်မဲစာရင်းများအပေါ် မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးခြင်းများကို ဒီဇင်ဘာ ၂ ရက်နေ့နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက် လေးရပ်ကွက်တွင် ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက တစ်အိမ်တက်ဆင်း(Door to Door) တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ပုံစံ ၃၊ ပုံစံ ၃ (က) ပုံစံ ၄၊ ပုံစံ ၄(ဂ) များဖြင့် တောင်းဆို၊ ကန့်ကွက်၊ ပြင်ဆင်မှုများကို ဆက်လက်ဆောင်ရွက်ပေးလျက် ရှိသည်။

အဆိုပါ ဒုတိယအကြိမ်မဲစာရင်းများအပေါ် မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးခြင်းများကို နိုဝင်ဘာ လ ၂၇ ရက်နေ့မှ ဒီဇင်ဘာလ ၂ ရက်နေ့အထိ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန မြို့နယ်ဦးစီးမှူး ရုံးထံမှ သိရသည်။                                                              

သက်နောင်ဦး(ငါန်းဇွန်)