မန္တလေးတိုင်းဒေသကြီး

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးနှင့် မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်ဦးမြင့်အောင်၊ ကျောက်ဆည်မြို့နယ် မဲရုံများသို့ ဆန္ဒမဲလာရောက် ပေးသည့် ပြည်သူများအား ရေသန့်၊ အချိုရည်၊ဒိန်ချဉ်ဗူးများ ဝေငှ

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးနှင့် မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်ဦးမြင့်အောင်တို့သည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲ ၁ နာရီက ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်လျက်ရှိသည့် ကျောက်ဆည်မြို့နယ် မဲရုံများသို့ ဆန္ဒမဲလာရောက်ပေးသည့် ပြည်သူများ ရေသန့်ဗူး၊ အချိုရည်၊ ဒိန်ချဉ်ဗူးများ ဝေငှပေးခဲ့ကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာ လာရောက်ဆန္ဒမဲပေး

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အပိုင်း(၁)ကို ယနေ့ နံနက် ၆ နာရီမှစတင်  ကျင်းပရာ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ မဲရုံများ၌ ကျင်းပသည်။ ချမ်းအေးသာစံမြို့နယ်၌ ရပ်ကွက် ၂၀ ၌ စုစုပေါင်း မဲရုံ  ၇၀ ၊  စုစုပေါင်း မဲဆန္ဒရှင်ဦးရေ ၁,၂၆,၀၆၂ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

မိတ္ထီလာမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲရုံများသို့ မဲဆန္ဒရှင်ပြည်သူများ စည်ကားသိုက်မြိုက်စွာလာရောက် ဆန္ဒမဲပေး

မိတ္ထီလာမြို့နယ်၌ ၂ဝ၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးခြင်းကို ယနေ့နံနက် ၆ နာရီအချိန်က သက်ဆိုင်ရာမဲရုံအသီးသီးတွင်ပြုလုပ်ရာ မဲဆန္ဒရှင်ပြည်သူများ စည်ကားသိုက်မြိုက်စွာ လာရောက်ဆန္ဒမဲပေးကြကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ပြည်သူများနှင့်အတူ ဆန္ဒမဲပေး

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်တို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို ဒီဇင်ဘာ ၂၈ ရက် နံနက် ၆ နာရီက စတင်ရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ဆန္ဒမဲများ လာရောက်ပေးကြပြီး၊ မဲဆန္ဒရှင်ပြည်သူများလည်း မဲရုံအသီးသီး၌ လာရောက်မဲပေးလျက်ရှိသည်။

ကျောက်ဆည်မြို့နယ်ရှိ မဲရုံပေါင်း ၁၈၉ ရုံ၌ မဲဆန္ဒရှင်ပြည်သူများ လာရောက်ဆန္ဒမဲပေးလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်  နံနက်ပိုင်းတွင်ကျင်းပသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ရပ်ကွက်(၁၀) ရပ်ကွက်၊ ကျေးရွာအုပ်စု(၈၇)အုပ်စု၊ ကျေးရွာ(၂၂၃)ရွာ၌ မဲရုံ ၁၈၉ ရုံတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၁၉၀၁၁၁ ဦးရှိပြီး မဲဆန္ဒရှင်ပြည်သူများ စနစ်တကျ ဆန္ဒမဲပေးလျက်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

ပျော်ဘွယ်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများစည်ကားသိုက်မြိုက်စွာ ဆန္ဒမဲပေး

ပျော်ဘွယ်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးခြင်းကို ယနေ့နံနက်(၆)နာရီက သက်ဆိုင်ရာ မဲရုံအသီးသီးတွင်ပြုလုပ်လျက်ရှိရာ မဲဆန္ဒရှင်ပြည်သူများ စည်ကားသိုက်မြိုက်စွာလာရောက် ဆန္ဒမဲပေးလျက်ရှိကြသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး ကျောက်ဆည်မြို့နယ်ရှိ မဲရုံများ၌ မဲဆန္ဒရှင်ပြည်သူများမဲပေးနေမှုများအားကြည့်ရှု

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးနှင့် တာဝန်ရှိသူများသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်  နံနက်ပိုင်းတွင် ကျောက်ဆည်မြို့နယ် ရှိမဲရုံများ၌ မဲဆန္ဒရှင်ပြည်သူများ မဲပေးနေမှုများကို ကြည်ရှုခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး ညောင်ဦးမြို့နယ်အတွင်း မဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့အား ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး အခြေခံပညာကျောင်းများ၊ ရပ်ကွက်ကျေးရွာဓမ္မာရုံများတွင် မဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အ‌ခြေအနေများအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးနှင့် တာဝန်ရှိသူများ ဒီဇင်ဘာ ၂၇ ရက်၊ နံနက် ၉ နာရီခွဲအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်၌ ဓာတ်မြေဩဇာစုပေါင်းရောင်းချပွဲနှင့် ပန်းတိုင်အထွက်နှုန်းရရှိ‌ရေး၊ စိုက်ဧကပြည့်မှီရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဓာတ်မြေဩဇာစုပေါင်းရောင်းချပွဲနှင့် ပန်းတိုင်အထွက်နှုန်းရရှိ‌ရေး၊ စိုက်ဧကပြည့်မှီရေးအသိပညာပေးဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၇ ရက် နံနက် ၁၀ နာရီအချိန်က အဆိုပါရုံးခန်းမ၌ ပြုလုပ်သည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ သဲဖြူနှင့်မဟာမြိုင်တောရဓမ္မရိပ်သာဆရာတော် ဘဒ္ဒန္တပညာဇောတမထေရ် ဦးဆောင်မှုဖြင့် တစ်ရက်လျှင် လူဦးရေ(၁၅၀၀၀)စတုဒိသာကျွေး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ရွှေစည်းခုံဘုရားဝင်းအတွင်း ဝေဇယန္တာဓမ္မဗိမာန်တော်ကြီးအတွင်း၌ ဒီဇင်ဘာ ၂၆ ရက်နေ့မှစတင်ကာ သဲဖြူနှင့်မဟာမြိုင်တောရဓမ္မရိပ်သာဆရာတော် ဘဒ္ဒန္တပညာဇောတမထေရ် ဦးဆောင်မှုဖြင့် စတုဒိသာကျွေးမွေးလှူဒါန်းလျက်ရှိကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး