ပြင်ဦးလွင် ဇူလိုင် ၂၁
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် ၂၀၂၅ ခုနှစ် နို၀င်ဘာလ ၁၂ ရက်နေ့က အောင်စံပယ်ရွှေဆိုင်သို့ အမျိုးသားနှစ်ဦးရောက်ရှိလာကာ ဆိုင်အတွင်းရှိ ရွှေထည်ပစ္စည်းများအား လုယက်ယူဆောင်၍ လုံခြုံရေး၀န်ထမ်းဖြစ်သူ ဦးစိန်၀င်းအား သေနတ်ဖြင့် ပစ်ခတ်ပြီး ထွက်ပြေးသွားစဉ် အနီးနားရှိပြည်သူများမှ ဝိုင်း၀န်းဖမ်းဆီးပေးခဲ့သည်။
အဆိုပါ ပြစ်မှုကျူးလွန်သူများအား ပြင်ဦးလွင်ခရိုင်တရားရုံးမှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၁ က်နေ့တွင် ရာဇ၀တ်ကြီးမှု အမှတ်၁၄၂/၂၀၂၅ ဖြင့် အမှုအားလက်ခံစစ်ဆေးခဲ့ရာ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် တရားခံများဖြစ်သည့် အောင်မျိုးနိုင်(ခ)အိစိ၊ မျိုးလင်းထွန်း(ခ)မျိုးကြီး(ခ)သားငယ်၊ စိုင်းကြည်သူ(ခ)ဖက်တီး၊ စန္ဒာဦးနှင့် အောင်ကိုသက်(ခ)ကျင်ဝှက်(ခ)ရာဇာ တို့အပေါ် ရာဇသတ်ကြီး ပုဒ်မ ၃၉၆ အရ မသေမချင်း ကြိုးကွင်းစွပ်သတ်စေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
(ခရိုင်/ပြန်ဆက်)