တံတားဦး ဇူလိုင် ၂၃
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် ကန်ချောကျေးရွာအုပ်စု ရွှေပေါ်ကျွန်းကျေးရွာအတွင်းရှိ ကျေးရွာနေပြည်သူများအား ရက် (၁၀၀) စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန် ချထားပေးနိုင်ရေးကို ဇူလိုင် ၂၂ ရက်နေ့ နံနက် ၉ နာရီခွဲက အဆိုပါကျေးရွာအရောက် ကွင်းဆင်း ဆောင်ရွက်ကြောင်းသိရသည်။
ကျေးရွာမြေငှားဂရန်ချထားပေးနိုင်ရေးအတွက် ကန်ချောကျေးရွာအုပ်စု၊ ရွှေပေါ်ကျွန်းကျေးရွာ မူလရွာမြေ ၉ ဒသမ၁၁ ဧက အတွင်းရှိ အိမ်ခြေ၊ အိမ်ထောင်စု ၇၉ စုအား တံတားဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ကော်လိတ္တော်အရာရှိ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်းနှင့်တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ လက်ထောက်ကော်လိတ္တော် အရာရှိ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးလုပ်ငန်းအဖွဲ့များ၊ မြေငှားဂရန်လျှောက်ထားသည့် ကျေးရွာသူ/သားများနှင့်အတူ မြေကြီးမြေပုံ မှန်ကန်မှုရှိ၊ မရှိကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ရဲတင့်(ပြန်/ဆက်)