မန္တလေးတိုင်းဒေသကြီး

မလှိုင်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် (door to door) ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တွင် မဲစာရင်းပြည့်စုံမှန်ကန်စေရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် တစ်အိမ်တက်ဆင်း (door to door) ကွင်းဆင်းစစ်ဆေးခြင်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လမ်းပန်းဆက်သွယ်ရေးဝန်ကြီး စဉ့်ကိုင်မြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်ပြည့်စုံမှု ရှိနိုင်ရေး မြေပြင်ကွင်းဆင်း ကြည့်ရှု‌

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးသည် ကျောက်ဆည်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်၊ စဉ့်ကိုင်မြို့နယ် စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်‌ရေး‌ကော်မတီဥက္ကဋ္ဌ ဦးဗိုလ်‌အောင်မောင်မောင်နှင့် တာဝန်ရှိသူများနှင့်အတူ စဉ့်ကိုင်မြို့နယ် ပလိပ်ကျေးရွာအုပ်စု၊ ဘူတာ(ဈေးတန်း)ကျေးရွာ၊ ဆီဆုံကျေးရွာအုပ်စု၊ ဆီဆုံကျေးရွာ၊ ဆည်ရွာကျေးရွာအုပ်စု၊ ဆည်ရွာကျေးရွာ၊ သိန်းနီကုန်း‌ကျေးရွာအုပ်စု၊ ဇီးတောကျေးရွာနှင့် တရုတ်စုရပ်ကွက်များသို့ ဒီဇင်ဘာလ ၂ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်က ရွေးကောက်ဆိုင်ရာ မဲဆန္ဒရှင်စာရင်းများ မှန်ကန်ပြည့်စုံနိုင်ရေး door to door စနစ်ဖြင့် မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်‌ဆေးခြင်း ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးစမှ(၂)နှစ်အောက် ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်းလုပ်ငန်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ဆေးရုံ၊ အစည်းအဝေးခန်းမ မိခင်နှင့်ကလေးဌာနတို့တွင် ယနေ့နံနက် ၇ နာရီက ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးစမှ (၂) နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်းနှင့် ဆေးတိုက်ခြင်းလုပ်ငန်းများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ် အ.ထ.က (ခွဲ) တွင် အသိပညာပေးဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အမျိုးသမီးရေးရာအဖွဲ့မှ အသိပညာပေးဟောပြောပွဲကို   ဒီဇင်ဘာလ ၁ ရက်နေ့ နံနက်က အ.ထ.က (ခွဲ) ဝမ်းတွင်း (၁) တွင် ကျင်းပခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့၌ ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များဖြန့်ဝေ

မိတ္ထီလာမြို့၌ မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူအားလုံးပါဝင်၍ ဆန္ဒမဲပေးနိုင်ရေးအသိပညာပေးနှိုးဆော်သည့် ဒို့အတူတူ မဲပေးကြမယ် လက်ကမ်းစာစောင်များကို ဒီဇင်ဘာ ၂ ရက်နေ့နံနက် ၉ နာရီက မြို့နယ်စည်သာယာရေးအဖွဲ့၏မြို့မဈေးကြီးအနီးတွင် ဈေးရောင်းဈေးဝယ်လာသူများနှင့် ဒေသခံပြည်သူများသို့ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ချမ်းအေးသာစံမြို့နယ်၌ ဒုတိယအကြိမ်မဲစာရင်းများအပေါ် Door- to-door မြေပြင်ကွင်းဆင်းစစ်ဆေး

ဒုတိယအကြိမ်မဲစာရင်းများအပေါ် Door-to-door မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းများကို ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ သက်ဆိုင်ရာတာဝန်ရှိသူများက ဒီဇင်ဘာ ၂ ရက်နေ့ နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့ကြသည်။

မလှိုင်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ထိုးနှံခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်းလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဒီဇင်ဘာ ၁ ရက်နေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ်၌ မဲစာရင်းများမှန်ကန်စေရေး မြေပြင်ကွင်းဆင်းစိစစ်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် မဲပေးခွင့်ရှိသူများ မဲစာရင်းတွင် ကျန်ရှိမှုမရှိရေးနှင့် ပြည့်စုံမှန်ကန်သည့် မဲစာရင်းများရရှိစေရန် (Door to Door)မြေပြင်ကွင်းဆင်း စိစစ်ခြင်းလုပ်ငန်းများကိုအဖွဲ့များခွဲ၍ ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တံတားဦးမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၁ ရက်နေ့ နံနက် ၁၀ နာရီက တံတားဦးမြို့ အမှတ်(၂)ရပ်ကွက် ဆုံကုန်းရပ်ရှိ မြို့နယ်ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ချမ်းမြသာစည်မြို့နယ်အတွင်းရှိ မဲရုံများအဖြစ် ဆောင်ရွက်မည့်နေရာများ မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်တွင် မီးသတ်ဦးစီးဌာနမှ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲရုံများအဖြစ် ဆောင်ရွက်မည့်နေရာများအား ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်ပါသဖြင့် မီးလောင်မီးလန့်မှုများ မဖြစ်ပွား မပေါ်ပေါက်စေရေးအတွက် ဒီဇင်ဘာ ၂ ရက် နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးကျော်စွာမင်း ဦးဆောင်၍ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး