စဉ့်ကိုင် ဇူလိုင် ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် (အငြိမ်းစား) နိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာငွေများကို ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၇ နာရီမှ စတင်ထုတ်ပေးလျက်ရှိရာ ဇူလိုင်လ ၂၃ ရက်နေ့ထိ အငြိမ်းစား နိုင်ငံ့ဝန်ထမ်း ၆၆၀ ဦး ထုတ်ပေးပြီး ဖြစ်ကြောင်း သိရသည်။
ပင်စင်ထုတ်ယူရာတွင် ဇူလိုင်လ ၂၁ ရက်နေ့မှ စတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ (အငြိမ်းစား) ဝန်ထမ်းများအား နေ့စဉ်နံနက် ၇ နာရီမှ မွန်းလွဲ၃ နာရီအထိ ထုတ်ပေးသွားမည်ဖြစ်ပြီး လစာငွေများအား အငြိမ်းစားဝန်ထမ်းများအနေဖြင့် မိမိတို့အဆင်ပြေသည့်နေ့တွင် လာရောက်ထုတ်ယူနိုင်ကြောင်း၊ ကိုယ်စားလှယ်ဖြင့် ထုတ်ယူလိုပါက လိုအပ်သည့် အထောက်အထားများဖြင့် လာရောက်ထုတ်ယူနိုင်ကြောင်း၊ ပင်စင်လစာထုတ်ယူရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ခံများက စာရင်းဖြည့်သွင်းခြင်းများ ဆောင်ရွက်ပေးပြီး ပင်စင်လစာငွေများအား အလှည့်ကျစနစ်ဖြင့် အသက်အရွယ်ကြီးရင့်သူများ အခက်အခဲမရှိစေရေးကို မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ စနစ်တကျ စီမံဆောင်ရွက်ထားကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့ပြပင်စင် ၄၆၄ ဦး၊ ကာကွယ်ရေးပင်စင် ၁၃၇ ဦး၊ နိုင်ငံရေးပင်စင် ၅၉ ဦး စုစုပေါင်းပင်စင်စား ၆၆၀ ဦးထုတ်ပေးပြီးဖြစ်ပြီး ကျန်ရှိသည့် နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား)များအား ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ကျော်စွာ (စဉ့်ကိုင်)