မြစ်သား ဇူလိုင် ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်သည် စိုက်ပျိုးရေးဒေသတစ်ခုဖြစ်သည့်အလျောက် သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး အဓိကအသက်သွေးကြောဖြစ်သော နွေစပါးသီးနှံကိုလည်း စိုက်ပျိုးလျက်ရှိပါသည်။ မြစ်သားမြို့နယ် ရွှေကြာအင်းကျးရွာရှိ တောင်သူ ဦးမောင်မြင့် နွေစပါး စိုက်ခင်းရိတ်သိမ်းနေပြီ ဖြစ်သည်။
မြစ်သားမြို့နယ်၌ နွေစပါးစိုက်ပျိုးသော စပါးမျိုးများမှာ မနောသုခ၊ GW-11၊ ရွှေမနော်၊ ထိုင်းနှံကောက်၊ အောင်နိုင်တိုးစသည့် စပါးမျိုးများကို စိုက်ပျိုးကြသည်။ ကုန်ကျစရိတ်အနေဖြင့် တစ်ဧက မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း ၈၀,၀,၀၀၀/-ကျပ်ခန့် ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် တစ်ဧကပျမ်းမျှ (၈၅-၉၀)တင်းခန့် ထွက်ရှိကြောင်းနှင့် နွေစပါး ထွက်ပေါ်ချိန်တွင် ဈေးနှုန်းကောင်းမွန်သောကြောင့် အကျိုးအမြတ်အနေဖြင့် ၅၆၀၀၀၀/-ကျပ်ခန့်ရရှိကြောင်း နွေစပါးစိုက်ပျိုးသော တောင်သူ ဦးမောင်မြင့်၏ ပြောကြားချက်အရ သိရသည်။
မြစ်သားမြို့နယ်၌ နွေစပါးစိုက်ပျိုးသည့်ရှေတန်းစခန်း များဖြစ်သည့် မြို့မ၊ သီလင်၊ ရွာခိုင်ကြီး၊ ကူမဲ၊ မိုင်းမော၊ ဒါးရယ်ကောင်း၊ ရစ်ကန်ရှေ့တန်းစခန်းများတွင် စိုက်ပျိုးကြပြီး နွေစပါးများ အထွက်နှုန်းများ တိုးတက်စေဖို့နှင့် အရည်အသွေး ကောင်းမွန်စေဖို့အတွက်ဒေသနှင့် ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေးနှင့် နွေစပါးစိုက်ပျိုးသည့် တောင်သူများအတွက် လိုအပ်သည့် စိုက်ပျိုးရေးသွင်းအားစုများ ထည့်သွင်းခြင်းဖြင့် အထွက်နှုန်း ကောင်းမွန်မည်ဖြစ်ကြောင်း နွေစပါးစိုက်ပျိုးသည့် တောင်သူများထံမှ သိရသည်။
ဝါဝါမြင့် (မြစ်သား)