ကျောက်ဆည် ဇူလိုင် ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ဒေသတွင်းဆန်စပါး ဖူးလုံပိုလျှံရေး ဒေသနှင့်ကိုက်ညီသည့် မနောသုခ၊ ရွှေမနော်၊ အောင်နိုင်တိုး၊ ဆင်းသုခ၊ ဧရာမင်း၊ GW-11၊ GW-18 စပါးမျိုးများကို အမျိုးသားစီမံကိန်းအဖြစ် ၂၀၂၆-၂၀၂၇ ခုနှစ်တွင် မိုးစပါး ၅၂၈၁၇ ဧက လျာထားစိုက်ပျိုးလျက်ရှိရာ ယနေ့အချိန်တွင် ၁၁၂၄၇ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။
မိုးစပါးများစိုက်ပျိုးရာ၌ စမာ စိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းအတွင်းရှိ ကျေးရွာအုပ်စုများ၌ တန်းဆွဲတိုက်ရိုက်အစေ့ချ ၉၅ ဧက၊ ကြဲပက် ၅၈၁ ဧက၊ တမုတ် စိုက်ပျိုးရေးနည်းပညာပေးရှေ့တန်း စခန်းအတွင်းရှိ ကျေးရွာအုပ်စုများ၌ တန်းဆွဲတိုက်ရိုက်အစေ့ချ ၂၁၆၁ ဧက၊ ပျိုးထောင်စိုက် ၁၆၃ ဧက၊ မင်းရဲ စိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းအတွင်းရှိ ကျေးရွာအုပ်စုများ၌ တန်းဆွဲ တိုက်ရိုက် အစေ့ချ ၆၆၇ ဧက၊ ကြဲပက် ၁၁၇ ဧက၊ ပျိုးထောင်စိုက်၂၇၅ ဧက၊ သင်းတွဲ စိုက်ပျိုးရေး နည်းပညာပေး ရှေ့တန်းစခန်းအတွင်းရှိ ကျေးရွာအုပ်စုများ၌ တန်းဆွဲတိုက်ရိုက်အစေ့ချ ၂၅၆၉ ဧက၊ ထုံးကြီး စိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းအတွင်းရှိ ကျေးရွာအုပ်စုများ၌ တန်းဆွဲ တိုက်ရိုက် အစေ့ချ ၂၄၇၈ ဧက၊ သင်းဒီး စိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းအတွင်းရှိ ကျေးရွာအုပ်စုများ၌ တန်းဆွဲတိုက်ရိုက်အစေ့ချ ၉၈၄ ဧက၊ ကြဲပက် ၆၄၃ ဧက၊ ပျိုးထောင်စိုက် ၅၁၄ ဧက စုစုပေါင်း ၁၁၂၄၇ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။
မိုးစပါးများအောင်မြင်ဖြစ်ထွန်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဇော်ဂျီဆည်နှင့် ကင်းတားဆည်တို့မှ စမာ၊ တမုတ်၊ မင်းရဲ၊ သင်းတွဲ၊ ထုံးကြီး၊ သင်းဒီး မြောင်းရေများဖြင့် စိုက်ပျိုးရေများ ပေးဝေလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)