ရန်ကုန်တိုင်းဒေသကြီး

တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး တိုက်ကြီးမြို့နယ်အတွင်းရှိ မဲရုံများခင်းကျင်းထားမှုနှင့် မဲပေးစက်များ တပ်ဆင်ထားမှု အခြေအနေအား ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးသည် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တိုက်ကြီးမြို့နယ်အတွင်းရှိ မဲရုံများခင်းကျင်းဆောင်ရွက်ထားရှိမှုနှင့် မဲပေးစက်များ တပ်ဆင်ထားမှု အခြေအနေများကို  ယမန်နေ့မွန်းလွဲပိုင်းက လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အမျိုးသား(အလွတ်တန်း) ဖိတ်ခေါ်စက်ဘီးပြိုင်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ ၂၀၂၅ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အမျိုးသား(အလွတ်တန်း) ဖိတ်ခေါ်စက်ဘီးပြိုင်ပွဲအား ယမန်နေ့နံနက် ၅ နာရီက မှော်ဘီမြို့နယ် ရန်ကုန်-ပြည်လမ်းမကြီး၊ သန္ဓေပင်ကျေးရွာအုပ်စု၊ Alpine သောက်ရေသန့်ဝင်းရှေ့တွင် ကျင်းပသည်။

မရမ်းကုန်းမြို့နယ်ရှိ မဲရုံများကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေကို စည်ပင်သာယာရေးဝန်ကြီး ဦးဗိုလ်ဌေး လိုက်လံစစ်ဆေး

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် မဲရုံများကြိုတင်ပြင် ထားရှိမှုအခြေအနေအား ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးဗိုလ်ဌေးက လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

အလုံခရိုင်၊ အလုံမြို့နယ်အတွင်းရှိ မဲရုံများအားလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ကွင်းဆင်းကြည့်ရှုစစ်ဆေး

အလုံခရိုင်၊ အလုံမြို့နယ်အတွင်းရှိ မဲရုံများအား ဒီဇင်ဘာ ၂၇ ရက်နေ့က လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ ကွင်းဆင်း၍ ကြည့်ရှုစစ်‌ဆေးခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ကျောက်တံတားမြို့နယ်အတွင်း မဲရုံများကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုးသည် ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှနယ်မြေတာဝန်ခံအဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက် ၁၁ နာရီအချိန်က ကျောက်တံတားမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ဆူးလေဘုရားလမ်း၊ အမှတ်(၇၇)ရှိ မဲရုံနေရာသို့ရောက်ရှိ၍ မဲရုံပြင်ဆင်ထားရှိမှုနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက်များ တပ်ဆင်ထားရှိမှုအခြေအနေများကိုစစ်ဆေးခဲ့သည်။

လှိုင်မြို့နယ်တွင် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ဝင်များသို့ ယူနီဖောင်း၊ ဆန် နှင့် ဆီပေးအပ်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်များရှိ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ဝင်များသို့ ယူနီဖောင်း၊ ဆန်နှင့် ဆီပေးအပ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ (၂) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးဦးနေဝင်းအောင် သင်္ဃန်းကျွန်းမြို့နယ်၌ မဲရုံများရှိ မဲပေးစက်များ ခင်းကျင်းထားမှုနှင့် မဲရုံများကွင်းဆင်းကြည့်ရှု့စစ်​ဆေး

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေဝင်းအောင်သည် သင်္ဃန်းကျွန်းမြို့နယ် (ဇ-တောင်)ရပ်ကွက်အတွင်းရှိ အမှတ် (၂)အခြေခံညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားရှိသည့် မဲရုံအမှတ် (၁) (၂) (၃)နှင့် သင်္ဃန်းကျွန်းမြို့နယ် (င-က) ရပ်ကွက် လေ့ကျင့်ရေး အလယ်တန်းကျောင်းတွင် ဖွင့်လှစ်ထားရှိသည့် မဲရုံအမှတ်(၂)တို့အား ဒီဇင်ဘာလ ၂၇ ရက် နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ် ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မဲရုံများအား ကွင်းဆင်းကြည့်ရှု့ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသား/အမျိုးသမီး (အလွတ်တန်း) စက်ဘီးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းသော ၂၀၂၆-ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသား/အမျိုးသမီး(အလွတ်တန်း) စက်ဘီးပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်ပန်းခြံတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ကျောက်တံတားမြို့နယ်အတွင်း မဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး၊ ရပ်ကွက်၊ ကျေးရွာဓမ္မာရုံများတွင် မဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုးနှင့် တာဝန်ရှိသူများယနေ့နံနက် ၁၁ နာရီက ကွင်းဆင်းစစ်ဆေးသည်။

ကျောက်တန်းမြို့နယ်၌ ၂၀၂၅ ခုနှစ် စာပေသစ်ပင်စိုက်ပျိုးခြင်း သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ ၂၀၂၅ ခုနှစ် စာပေသစ်ပင်စိုက်ပျိုးခြင်း သင်တန်းဆင်းပွဲအခမ်းအနားကို ရွှေကုန်း အ.မ.က ကျောင်း၌ ကျင်းပခဲ့သည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး