ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ သက်ငယ်မုဒိမ်းမှု ကာကွယ် စောင့်ရှောက်ရေး အသိပညာပေးနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲ ကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၈)ရပ်ကွက် လှိုင်ထိပ်ခေါင်တင်လမ်း၊ အမှတ်(၁၈) အခြေခံပညာမူလတန်းကျောင်းတွင် ခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ သက်ငယ်မုဒိမ်းမှု ကာကွယ်စောင့်ရှောက်ရေးအသိပညာပေးနှင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို ဇူလိုင် ၂၁ ရက်နေ့ နေ့လယ်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။