ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ သက်ငယ်မုဒိမ်းမှု ကာကွယ် စောင့်ရှောက်‌ရေး အသိပညာပေးနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲ ကျင်းပ

ဒဂုံမြောက်  ဇူလိုင် ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၈)ရပ်ကွက် လှိုင်ထိပ်ခေါင်တင်လမ်း၊ အမှတ်(၁၈) အခြေခံပညာမူလတန်းကျောင်းတွင် ခရိုင်နှင့်  မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ သက်ငယ်မုဒိမ်းမှု ကာကွယ်စောင့်ရှောက်‌ရေးအသိပညာပေးနှင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို ဇူလိုင် ၂၁ ရက်နေ့ နေ့လယ်ပိုင်းက ဆောင်ရွက်ခဲ့‌ကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် သက်ငယ်မုဒိမ်းပ‌ ပျောက်ရေးအတွက် ကာကွယ်နိုင်သည့် အခြေအနေများ၊ ပြစ်မှုပြစ်ဒဏ်များကို ဒဂုံမြို့သစ်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ယဉ်မင်းသူ၊ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးစုယဉ်နှင့် ဒဂုံမြောက်မြို့မရဲစခန်း ဒုရဲအုပ်ထွန်းဇော်ဟိန်းတို့မှ လည်းကောင်း၊ သွားကျန်းမာရေး အသိပညာ‌ပေးခြင်းကို မြို့နယ်ပြည်သူ့ဆေးရုံမှ ဆရာ၀န်ဒေါက်တာဖြိုးကိုကိုနှင့် ဆရာမများကလည်းကောင်း အသိပညာပေးဟောပြောခဲ့ပြီး သက်ငယ်မုဒိမ်းပ‌ပျောက်ရေး အသိပညာ‌ပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲသို့ မြို့နယ်ပညာရေးမှူး ဦးအောင်စံကျော်၊ အမက(၁၈)ကျောင်းအုပ်ကြီး ဦးသက်ဇော်ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်၀င်းတို့ တက်ရောက်ခဲ့ပြီးကျောင်းသား၊ ကျောင်းသူများ အင်အား စုစုပေါင်း (၇၀) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

မြင့်မြင့်ရီ