တွံတေး ဇူလိုင် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ရက် ၁၀၀ စီမံချက်ကာလအတွင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကောင်းစံမြတ်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကျောင်းကျန်းမာရေးလုပ်ငန်းများနှင့် မျက်စိအမြင် စစ်ဆေးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက အခြေခံပညာကျောင်းများသို့ ကျန်းမာရေးဝန်ထမ်းများ အဖွဲ့များခွဲ၍ ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆက်လက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ကွင်းဆင်း၍ ဆောင်ရွက်ရာတွင် ကျန်းမာရေးတာ၀န်ခံ ဆရာ၀န်ဒေါက်တာ မိုးမိုးစံဦးဆောင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေး၀န်ထမ်းများသည် တွံတေးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့်မူလတန်းကျောင်းပေါင်း (၂၂၂) ကျောင်းတွင် စံကိုက်ကျောင်း ကျန်းမာရေးလုပ်ငန်းများ၊ ကျောင်းသား၊ ကျောင်းသူများအား သွားနှင့်သွားဖုံးသား ဖွဲ့စည်းတည်ဆောက်ထားပုံ သွားနှင့်ခံတွင်း ကျန်းမာရေးအတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ သွားပိုးစားရောဂါဖြစ်ပွားလာပုံနှင့် နောက်ဆက်တွဲဖြစ်စဥ်များ စစ်မှန်သော သွားတိုက်နည်းများ၊ မျက်စိကျန်းမာရေးနှင့်ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ ဘုရားပန်းအိုး၊ ရေတွင်း၊ ရေကန်များအား ပိုးလောက်လန်း စစ်ဆေးပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်း စသည့် လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးလှိုင်(တွံတေး)