ကျောက်မဲမြို့နယ်၌ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးခြင်းနှင့် အီးအမ်ဘိုကာရှီ မြေဆွေးပုံပြုလုပ်နည်း လက်တွေ့သရုပ်ပြ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၌ မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရန်နှင့် သဘာဝမြေဩဇာအသုံးချမှုစနစ် ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်၍ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအား အသိပညာပေးခြင်းနှင့် အီးအမ်ဘိုကာရှီ (EM Bokashi) မြေဆွေးပုံ လက်တွေ့ပြုလုပ်ပြသခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။