ကလောမြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ

ကလော     ဇူလိုင်    ၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ က‌လောမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစား ခန်းမတွင် ဇူလိုင်လ ၄ ရက်‌နေ့ နံနက် ၈ နာရီကမြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ရာမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာများတက်ရောက်ခဲ့သည်။

ရှေးဦးစွာ ကလောမြို့ပေါ်ရှိရပ်ကွက်များမှ အသက်(၂၃)နှစ်အောက်အမျိုးသားပိုက်ကျော် ခြင်းပြိုင်ပွဲဝင် (၇)သင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ပြိုင်ပွဲအပြီးတွင် ပထမ၊ ဒုတိယ၊ တတိယ ရရှိသည့်အဖွဲ့များအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးသိန်း နှင့်အဖွဲ့ဝင် များက ဆုငွေ၊ တံဆိပ်လည်ဆွဲ နှင့်ဒိုင်းဆုများကို တစ်ဦးချင်း အသီးသီးပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)